နောင်ချိုမြို့ တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်ရ
ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မကျီးရေကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက် တစ်ဖြတ်ရကာပေါင်သားနှင့် လက်မောင်းပါဒဏ်ရာရရှိသည်ဟု ဒေသခံမှတစ်ဆင့်သိရသည်။
စက်တင်ဘာလ ၁၃ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄၀ တွင် ပြောင်းဖူးခြံသို့ ပြောင်းဖူးသွားသယ်ရန် သွားရင်းလမ်းတွင် နင်းမိခဲ့ခြင်းဖြစ်ပါသည်။
ဒေသခံအမျိုးသမီးတစ်ဦးမှ “ အဲဒီမှာတိုက်ပွဲဖြစ်တုန်းက နှစ်ဖွဲ့လုံးနေတယ်လို့ကြားတယ်။ ဘယ်အဖွဲ့တွေလဲ မပြောတတ်ဘူး။အဲဒီခြံတွေဖက်မှာ မိုင်းတွေမြှပ်ထားတာရှိတယ်လို့တော့ကြားရတယ်။” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်းကို ပြောပါသည်။ အထက်ပါဖြစ်စဉ်နှင့်နည်းတူ စက်တင်ဘာလ ၁၃ ရက်တွင် နောင်ချိုမြို့ နယ် နောင်လင်ကျေးရွာ စာသင်ကျောင်းတွင် အမျိုးသားတစ်ဦး လုပ်အားပေးလုပ်ရင်း မြေမြှပ်မိုင်းနင်းမိပြီး မိုင်းအစကြောင့် မျက်စိကွယ် သွားသည့်ဟု ဒေသခံမှတစ်ဆင့်သိရပါသည်။









