နောင်ချိုမှာ ခြံရှင်းနေသည့် အမျိုးသား ၁ ဦး ကြိုးမိုင်းထိပြီး ဒဏ်ရာရရှိခဲ့
ရှမ်းမြောက် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး ကြိုးမိုင်းထိမိပြီး ခြေထောက်နှစ်ဖက်စလုံးတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ကာယကံရှင်ထံမှ သိရှိရပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်း ၁၁ နာရီတွင် ပြောင်းဖူးခြံရှင်းနေသည့် အသက် ၄၃ နှစ်အရွယ် ဦးအောင်ဇော်မြင့်သည် ကြိုးမိုင်းဟု ယူခဲ့ရသည့် မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်ပါသည်။
ဦးအောင်ဇော်မြင့်မှ “ကျနော် ခြံရမ်းရင်းနဲ့မိတယ်၊ ပေါင်းသတ်ဆေးဖျန်းသွားတယ်။ ပေါင်းသတ်ဆေးဖျန်းတဲ့ အချိန်က မနင်းမိသေးဘူး၊ ခြံလည်းရမ်းတယ်၊ အပင်ကြီးတွေ ခုတ်တဲ့အချိန်မှာထိတယ်၊ ဘယ်ဘက်ခြေ သလုံးတွေလည်း အပေါက်တွေရှိနေတယ်၊ အရိုးအပ်တဲ့နေရာမှာ ကျောက်ပတ်တီးတွေ စည်းထားရတယ်၊ ညာဘက်ခြေမှာလည်း ထိမိတယ် ပေါင်ရင်းမှာပေါ့နော်၊ ခွဲစိတ်ခန်း ၂ ခါဝင်ရပြီ၊ ပထမတစ်ခါက ပေါင်ရင်းမှာ မိုင်းအစဝင်တာမတွေ့ဘူး။ ဒုတိယ တစ်ခါ ဓာတ်မှန်ပြန်ရိုက်ပြီးမှ အဲ့ဒါပြန်တွေ့တော့ ခွဲစိတ်ခန်းပြန်ဝင်ရတယ်။ မိုင်းရဲ့ပုံစံက ကြိုးမိုင်း တိုက်မိသွားတယ်” ဟုပြောပါသည်။

ဦးအောင်ဇော်မြင့်သည် လက်ရှိပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ပေါင်တွင် မိုင်းအစအနရှိနေသောကြောင့် ထပ်မံခွဲစိပ်ရန် လိုအပ်နေပြီး ဆေးကုသရန်လည်း ငွေကြေးအခက်အခဲ ရှိနေသည်ဟု သိရသည်။
ပုံ – ဒေသခံ
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို အောက်ပါ Website တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website Burmese & English



