နောင်ချိုတွင် အမျိုးသားတစ်ဦး ခြံထဲသွားရင်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့
နောင်ချိုမြို့နယ် နမ့်ဆောင်ဟူးကျေးရွာတွင် အမျိုးသားတစ်ဦးသည် စစ်ရှောင်ပြီးပြန်လာသည့်အချိန် နေအိမ်အနီးရှိ ပြောင်းဖူးခင်းထဲ သွားရာမှ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်တွင် အိမ်အနီးရှိ ပြောင်းဖူးခြံခင်းသို့ သွားသည့် အချိန်တွင် မိုင်းနင်းခဲ့ခြင်းဖြစ်ပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါသည် သိရသည်။
“ခုချိန်ထိ ဆေးရုံမဆင်းရသေးဘူး ကြာအုန်းမယ်ထင်တယ် ကျမ ယောကျာ်းရဲ့ အမျိုးသားအင်္ဂါလဲ ဆရာဝန်က ဖြတ်ရမယ်လို့ ပြောတယ် “ လို့ ကာယကံရှင် ဇနီးဖြစ်သူမှ တအာင်းအမျိုးသမီး အဖွဲ့စည်းကို ပြောပါသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူ အသက် ၄၀ အရွယ် ဦးမျိုးမြင့်အောင်သည် ဘယ်ခြေထောက်ဖြတ်ထားပြီး ဘယ်လက်သန်းကြွယ် စတီးထည့်၍ အမျိုးသား အင်္ဂါနှင့် ညာခြေဖဝါး ထိထားပြီး လက်ရှိ ပြင်ဦးလွင် ကုတင် ၃၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကာ ၄ ကြိမ်မြောက် ခွဲစိတ်ကုသနေရဆဲ ဖြစ်ပါသည်။











