နောင်ချိုမြို့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီးခြေတစ်ဖက်ဖြတ်ရ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာ တွင် အမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိပြီး ဘယ်ခြေ ထောက်တစ်ဖက် ဖြတ်ခံရပြီး မျက်နှာလည်း ထိခိုက်ဒဏ်ရာရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးမှတစ်ဆင့် သိရပါသည်။

အောက်တိုဘာလ  ရက် ညနေ  နာရီဝန်းကျင်တွင် ဦးမင်းအောင်သည် ကျေးရွာဘုန်းကြီးကျောင်းတွင် လုပ်အားပေးရင်း နင်းမိခဲ့ခြင်းဖြစ်ပါသည်။

ဒေသခံအမျိုးသမီးတစ်ဦးမှ “ အဲနေက လုပ်အားပေးလုပ်ကြတယ်။ သူပဲထိတာ။ အမျိုးသားတွေကိုပဲ ဘုန်းကြီးက ခေါ်ပြီးလုပ်ခိုင်းတာ၊ ကျမတို့စစ်ရှောင်နေတဲ့ချိန် စစ်သားတွေလာနေတယ်။ ဘယ်အဖွဲ့လည်းမသိဘူး” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်တွင်းလည်း နောင်ချိုမြို့ နောင်လင်ကျေးရွာ စာသင်ကျောင်းတွင် အမျိုးသားတစ်ဦး သန့်ရှင်းရေးလုပ်အားပေးရင်း မြေမြှပ်မိုင်းနင်းမိပြီး ညာခြေထောက်ဖြတ်ခံရပြီး မျက်စိပါကွယ် သွားခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပါသည်။