ကျောက်မဲမြို့တွင် အိမ်ခြံရှင်းရာမှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ

    ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာတွင် မိုင်းနင်းမိပြီး ဘယ်ခြေထောက်တစ်ဖက်ဖြတ်ခံရသည်ဟု ဒေသခံမှတစ်ဆင့် သိရပါသည်။

အောက်တိုဘာလ ၁၀ ရက် မနက်  နာရီခွဲချိန်တွင် နေအိမ်ခြံရှင်းရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။

     ဒေသခံအမျိုးသမီးတစ်ဦးမှ “ကျမတို့က နောင်ပစ်ကနေ ပန်ဝိုးကျေးရွာဖက်စစ်ရှောင်သွားတာ။ ပြန်လာတော့ အိမ်ကမီးရှုံ့ခံထားရတယ်။ ကျန်တဲ့တိုင်တွေ  သွပ်အပျက်တွေ သွားရှင်းတာနဲ့ မိုင်းနင်းမိတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။