လားရှိုးမြို့နယ်တွင်အမျိုးသားတစ်ဦးတံမြက်စည်းပင်ခုတ်ရင်းမိုင်းနင်းမိပြီးခြေတစ်ဖက်ပြက်ထွက်
ဖေဖော်ဝါရီ ၁၀ ရက် ၂၀၂၆
ရှမ်းမြောက် လားရှိုးမြို့နယ် ကောင်းခါးကျေးရွာမှ အမျိုးသားတစ်ဦးသည် တံမြက်စည်းပင်ခုတ်ရင်း မိုင်းနင်းမိကာ ဘယ်ခြေထောက်ဖြတ်လိုက်ရသည်ဟု သိရပါသည်။
ပြီးခဲ့သည့် ၄ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်၌ ဦးလောင်ဟေးသည် ကောင်းခါးကျေးရွာနှင့် သိပ်မဝေးသည့် လယ်တောတစ်နေရာတွင် တံမြက်စည်းပင်သွားခုတ်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့သည်ဟု ညီလေးဖြစ်သူမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။
“အဲနေရာက ရွာကနေသွားရင် ၁၀ မိနစ်ပဲရှိတယ်။ လယ်ကွက်လုပ်တဲ့သူလည်းသွားနေကြပဲ။ တိုက်ပွဲမဖြစ်ခင် ကလည်း သွားကြတယ်။ ဘာမှမဖြစ်ဘူး။ ပြီးတော့ ကျတော်တို့အမေနဲ့အဖေရှိကတည်းက အဲဒီနေရာမှာ တံမြတ်စည်းပင် သွားခုတ်နေကြဖြစ်တယ်” ဟုဆိုပါသည်။
၎င်းမြေမြှုပ်မိုင်းသည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းထောင်ထားသည်ကို မသိသည့်အပြင် ထိုနေရာတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း သွားလာလှုပ်ရှားသည်ကိုလည်း မသိရပါဟု ၎င်းမှ ထပ်မံပြောပါသည်။
ဦးလောင်ဟေးမှ “မိုင်းပေါက်ကွဲပြီးတာနဲ့ ကျတော်ခြေထောက်တစ်ဖက်က မရှိတော့ဘူး” ဟု တအာင်းအမျိုး သမီးကို ပြောပါသည်။
လက်ရှိတွင် ဦးလောင်ဟေးသည် လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစရိတ်လိုအပ်နေ ကြောင်းလည်း သိရပါသည်။










Leave a Reply
Want to join the discussion?Feel free to contribute!