နမ့်ဖက်ကာတွင်လက်ပစ်ဗုံးဆော့ကစားရာမှကလေး၃ ဦးထိခိုက်ဒဏ်ရာရပြီးတစ်ဦးသေဆုံးခဲ့
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာတွင် ကလေး ၄ ဦးမှ လက်ပစ်ဗုံးကောက်ယူဆော့ကစားရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံး ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရပါသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လယ် ၁ နာရီတွင် လက်ပစ်ဗုံးကောက်ယူဆော့ကစားရာမှ အသက် ၅ နှစ်အရွယ် မောင်ဖရိမ်းဇွပ်အောင်၊အသက် ၃ နှစ်အရွယ် စိုးကိုကိုနှင့် အသက် ၁၃ နှစ်အရွယ် မောင်ရန်ယုံချိန်တို့သည် ထိခိုက်ဒဏ်ရာရပြီး အသက် ၁၀ နှစ်အရွယ်မောင်ရန်ယုံချန်သည် သေဆုံးသွားသည်။
ဖရိမ်းဇွပ်အောင်၏ မိခင်မှ “လက်ပစ်ဗုံးကို ဘယ်နေရာမှာ သွားယူခဲ့လည်း မသိဘူး၊ ကျွန်မလဲ အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန်မှ သိရတာ။ အဲဒီလက်ပစ်ဗုံးက ဘယ်အဖွဲ့ ပစ္စည်းမှန်းလဲ မသိဘူး၊ကလေးတွေက ဆော့တဲ့ချိန် ပေါက်ပြီးတော့ ကလေး ၁ ယောက်က သေသွားတယ်၊ ကျမကလေးက ဒဏ်ရာရထားတယ်” ဟု ဆိုပါသည်။

အဆိုပါ ဖြစ်စဉ်မှပါဝင်သည့် မောင်ဖရိမ်းဇွပ်အောင်နှင့် စိုးကိုကိုတို့သည် ပြင်းထန်ဒဏ်ရာရရှိကာ သိန်နီဆေးရုံတွင် ဆေးကုသခံယူနေဆဲဖြစ်ပြီး ခွဲစိပ်ကုသရန်လိုအပ်ကြောင်း ထပ်မံသိရပါသည်။
“ ရွာတွေမှာ စစ်သားတွေရှိနေတယ် ကလေးတွေဆိုလဲ ခဏခဏမိုင်းနင်းမိတယ်၊ ဒီလိုဖြစ်နေတာ လူတွေအတွက် မကောင်းဘူး၊ ကျမတို့သဘောမကျဘူး” ဟု ကလေးမိခင်မှ TWO ကို ရင်ဖွင့်သည်။
လက်ရှိ နမ့်ဖက်ကာတွင် ကချင်တပ်မတော် – KIA မှ ထိန်းချုပ်ထားပြီး တအာင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့တို့မှ အုပ်ချုပ်ထားသည့် နေရာလည်း ဖြစ်သည်။
ပုံ – ဒေသခံ
#နမ့်ဖက်ကာ #လက်ပစ်ဗုံး #ပေါက်ကွဲမှု #သေဆုံး #ဒဏ်ရာရ



Leave a Reply
Want to join the discussion?Feel free to contribute!