ကျောက်မဲမြို့တွင် ဥူးပဇင်း ၁ ပါး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပျက်ထွက်
၂ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ ရပ်ကွက် (၂) ရန်ကင်းရပ်ကွက်ရှိ နမ့်စလင်းကျောင်းတွင် ဥူးပဇင်းတစ်ပါးသည် ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
မနေ့ ၂ ရက်နေ့ နေ့လယ်ပိုင်း ၂ နာရီခွဲအချိန်တွင် ဥူးပဇင်း အရှင်နန္ဒာသည် ဘုန်းကြီးကျောင်းဝန်းအတွင်းတွင် ခြုံနွယ်များ ရှင်းလင်းနေသည့်အချိန်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပျက်ထွက် ဒဏ်ရာရရှိခဲ့သည်ဟု ကျောက်မဲမြို့ ဒေသခံများထံ သိရှိရသည်။
“ ဦးဇင်းက ဗမာ လူမျိုးပါ၊ ခြံရှင်းနေတာ ကျောင်းဝန်းထဲမှာ မြေမြှုပ်မိုင်းနင်းမိတာ ဖြစ်တယ်၊ အခုက လားရှိုးဆေးရုံကို ပို့ထားတယ် “ သည်ဟု ပြောသည်။

အသက် ၄၂ နှစ်အရွယ် နှင့် သိက္ခာဝါတော် ၁ နှစ်ရှိသည့် ဦးနန္ဒာသည် ဒဏ်ရာပြင်းထန်နေသောကြောင့် လားရှိုးဆေးရုံကို ပို့ဆောင်ပေးထားသည်ဟု သိရသည်ဟု ထိုဒေသခံအမျိုးသားမှ ထပ်မံပြောကြားသည်။
ပုံ – ဒေသခံ