နောင်ချိုတောင်ရှည်မှာအမှိုက်သွားပစ်တဲ့အမျိုးသမီးတစ်ဦးမိုင်းနင်းမိ

 ရှမ်း/မြောက် နောင်ချိုမြို့နယ် တောင်ရှည်အုပ်စု တောင်ရှည်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နံနက်  ၈ နာရီခွဲအချိန်တွင် နေအိမ် ခြံဝန်းအတွင်းသည် အမှိုက်သွားပစ်သည့် ဒေသခံအမျိုးသမီး တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့သည်ဟု သိရသည်။ “ အိမ်ရဲ့ မြောက်ဘက် မှာ အိမ်သာရှိတယ်၊ အိမ်သာနောက်ဘေးမှာ  ကလေးရဲ့  ဒိုင်ဘာအမှိုက် သွားပစ်တဲ့အချိန်က မိုင်းနင်းမိတယ်၊ မိုင်းက အိမ်ဝန်းထဲမှာကိုရှိတာ၊ ခြေထောက်နဲ့နင်းမိတော့ ညာခြေထောက်တစ်ဖက်တောင် ပြတ်ထွက်သွားတယ် ” ဟု ပြောပါသည်၊၊  အဆိုပါ မိုင်းထိမိသည့် အမျိုးသမီးသည် အသက် ၄၂ နှစ်အရွယ်ရှိ တောင်ရှည်ကျေးရွာနေ မမြင့်ခိုင်ဆိုသူဖြစ်ပါသည်၊၊ ခြေထောက်တွင် ပြင်းထန်သည့် ဒဏ်ရာကြောင့် လက်ရှိအချိန်ထိ ပြင်ဦးလွင်ဆေးရုံတွင်ဆေးကုသမှုခံယူနေဆဲ ဖြစ်ပါသည်ဟု သိရသည်။ မြေမြှုပ်မိုင်းများကို အသုံးပြုထားသည့် မည်သည့် လက်နက်ကိုင်မဆို အသုံးပြုထားသည့်မိုင်းနှင့်ထောင်ထားသည့် မိုင်းများကို ဒေသခံများမှ ထိခိုက်မှုမရှိအောင် ပြန်လည်ရှင်းလင်းပေးစေလိုကြောင်း သူမသည် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုထားပါသည်။ 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *