နောင်ချိုမှာ ကြံခင်းပေါင်းရှင်းနေသည့် အမျိုးသားတစ်ဦး မိုင်းထိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ
အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းမြောက် နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသားတစ်ဦးမှ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်း ၉ နာရီအချိန်တွင် ကြံခင်းပေါင်းရှင်းနေသည့် အသက် ၄၃ နှစ်အရွယ်ရှိ ကိုဇော်လင်းဦမှ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပါသည်။
မိသားစုဝင်တစ်ဦး ပြောပြသည်မှာ “ သူ့က ကြံခင်းမှာ ပေါင်းရှင်းနေတာ ရှင်းနေတဲ့အချိန်မှာပဲ မြေမြှုပ်မိုင်းနင်းမိခဲ့တယ်၊ ဒဏ်ရာကတော့ ခြေထောက်နှစ်ဖက်စလုံးဒဏ်ရာရတယ်၊ ညာခြေထောက်က ခြေတစ်လုံးနားအထိ ပြတ်ထွက်သွားတယ်၊ အခုက ပေါင်ရင်းနားကို ဖြတ်လိုက်ရတယ်၊ ဘယ်ဘက်လက်နဲ့ ခြေထောက်မှာလဲ ဒဏ်ရာရတယ်” ဟုပြောပါသည်။
အဆိုပါမိုင်းထိသည့်သူသည့် ဥာဏ်တောကျေးရွာအုပ်စု နောင်လင်ကျေးရွာတွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ်ရှိ ဦးဇော်လင်းထွန်းပဲ ဖြစ်ပါသည်။
မိသားစုစားဝတ်နေရေး အဆင်မပြေခြင်းကြောင့် နှင့် ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင့်လည်း မိသားစုဝင်ထံမှ သိရှိရပြီး လက်ရှိအချိန်ထိလည်း ပြင်ဦးလွင် စစ်ဆေးရုံတွင် ဆေးကုသနေရဆဲဖြစ်ပါသည်။











Leave a Reply
Want to join the discussion?Feel free to contribute!