ကွတ်ခိုင်မြို့တွင်လက်နက်ကြီးတစ်လုံးပေါက်ကွဲမှုဖြစ်ပြီးအမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

တအာင်းဒေသ ကွတ်ခိုင်မြို့နယ် ရပ်ကွက် ၅ တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် မိုင်းကောက်ယူလွှတ်ပစ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီးဒဏ်ရာရသည်ဟု သိရပါသည်။

ပြီးခဲ့သည့် ၂၅ ရက် ဖေဖော်ဝါရီလ ၂၀၂၆ ခုနှစ် ညနေပိုင်း ၆ နာရီ ၅၂ မိနစ်အချိန်တွင် သမီးဖြစ်သူမှ မိုင်းကောက်လာခြင်းကြောင့် ယူပြီးလွှတ်ပစ်ရာမှ မိုင်းပေါက်ကွဲခြင်းဖြစ်သည်ဟု တအာင်းအမျိုးသမီးကိုပြောပါ သည်။

ပြီးခဲ့သည့် ၂၅ ရက် ဖေဖော်ဝါရီလ ညနေပိုင်း ၇ နာရီဝန်းကျင်အချိန်၌ သမီးဖြစ်သူမှ မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကောက်လာပြီး လွှတ်ပစ်ရန်မှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။​

ဇနီးဖြစ်သူပြောပြသည်မှာ “သမီးက အောက်အိမ်ကနေ ကောက်လာတာ၊ သူ့အဖေက ဒါဆော့စရာမဟုတ်ဘူး ဆိုပြီးတော့ ယူပစ်ဖို့လုပ်နေတာ အဲဒါနဲ့ ပေါက်ကွဲသွားတယ်၊ မိုင်းက နဲနဲပဲ့နေပြီ၊ အရှည်က ၁၀ လက်မ လောက်ရှိတယ်၊ အဲဒီအောက်အိမ်မှာက အခု အဖိုးတစ်ယောက်ဌားနေထားတဲ့အိမ်ပေါ့နော်၊ တိုက်ပွဲဖြစ်ခဲ့တုန်းက လက်နက်ကြီးကျခဲ့တာရှိတယ် အိမ်ရှင်အမျိုးသမီးတောင် လန့်သွားလို့ဆုံးသွားခဲ့တယ် ” ဟု ပြောပါသည်။

လက်ရှိတွင် ဒဏ်ရာရှိသည့် အမျိုးသားသည် မိုင်းပေါက်ကွဲမှုကြောင့် ညာဖက်ခြေမျက်စိအပေါ်တွင် ဒဏ်ရာရရှိသွားသော်လည်းဒဏ်ရာမပြင်းထန်သောကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ဆေးရုံဆင်းနေရပြီး ဖြစ်သည်။

အဆိုပါ ပေါက်ကွဲသည့် မိုင်းသည် ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့စဉ်တွင် ကျန်ခဲ့သည့် မပေါက်ကွဲသေးသည့် လက်နက်ကြွင်းကျန်ပစ္စည်းအမျိုးအစားတစ်ခု ဖြစ်နိုင်ပြီး လက်နက်ကြီးသည် အရှည်တွင် ၁၀ လက်မခန့်ရှည်ပြီး အနည်းငယ်ပွန်းပဲ့ထားသည့်လက်နက်ကြီးတစ်ခု ဖြစ်သည်ဟု မိသားစုများက ဆိုပါသည်။တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ပြုစုထားသည့် မှတ်တမ်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ မတ်လ ယနေ့အထိ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကြွင်းကျန်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူ ၁ ဦး၊ ထိခိုက်ဒဏ်ရာရှိသူ ၁၇ ဦး အထိရှိပြီး ထိုထဲတွင် ကလေးငယ် ၆ ဦး ပါဝင်သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *