TNLA ၏ မိုင်းနင်းမိပြီး ကျောက်မဲဒေသခံ အမျိုးသား ၁ ဦး သေဆုံး
၁၉ ရက် အောက်တိုဘာလ
လိုည်းနော;တအာင်း
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် ကျောက်မဲမြို့နယ် ကြူရှော တောင် ကျေးရွာမှ အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။
အဆိုပါအမျိုးသားသည် အသက် ၅၂ နှစ် အရွယ် တာကူန်ဆွေလူသည် လယ်ယာသွားပြီး ပြန်လာသည့်အချိန် လမ်းတွင် TNLA ထောင်ထားသည့် မိုင်းနင်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကြူရှော မြောက်ရွာမှ ဦးဇင်းတစ်ပါးမှ “ ပုံပို့ပေးမယ် လိုင်းပေါ်တော့မတင်နဲ့နော် တော်ကြာ ဓာတ်ပုံရိုက်ပေးတဲ့ ကြူရှောတောင်ရွာကညီကို စစ်သားတွေပြဿနာရှာလိမ့်မယ်၊ ကျူးလွန်သူတပ်ရင်းအမည် တပ်ရင်းမှူးနာမည်တွေတော့ရဖို့ခဲရင်းလိမ့်မယ် ဒီလိုအရေးကြီးတဲ့အချိန်အခါမှာ ဘယ်သူမှလဲမေးရဲမှာမသုတ်ဘူး အဓိကအဲ့လမ်းကြောင်းကနေ ပဲပုတ်တွေမကြာခနတက်လာတတ်တော့ မိုင်းထောင်ကတဲ့သဘော ပဲပုတ်တွေက စကစကိုလမ်းပြတဲ့နေရာလဲဖြစ်နေတာ “ ဟု ဦးဇင်းညီခမ်းမှ ပြောပါသည်။
အမည် – တာကူန်ဆွေလူ
နေရပ် – ကြူရှောတောင်ရွာ
အိမ်ထောင် – ရှိသည်(သား ၁ဦးနဲ့ ချွေးမ၊ မြေးရှိ)











