အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းတစ်ခုဖြစ်သော စခန်းသစ်အနီးတွင် ဒေသခံတစ်ဦး မိုင်းနင်းမိကာ ဆေးကုသမှုခံယူနေရ

Ta’ang Women’s Organization

ရှမ်း/မြောက် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင် အမျိုးသားတစ်ဦးက မြေမြှုပ်မိုင်း နင်းမိပြီးခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် နံနက် ၉ နာရီဝန်းကျင်တွင် လွယ်ဆာကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းဟောင်းဖြစ်သည့် စခန်းသစ်အနီးမှာ ရေပိုက်ပြင်နေသည့် ဒေသခံများကို ဆင်းသွားကြည့်ရာကနေ မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်။

ကာယာကံရှင် ဖြစ်သူမှ ” အဲ့နေ့က မီးပျက်နေတာ အလုပ်လုပ်လို့မရတော့ လွယ်ဆာရွာကနေ စခန်းသစ်လမ်းပြန်လာတယ်၊ သူငယ်ချင်းနှစ်ယောက်နဲ့လာတယ်၊ သူ့ကအဝေးမှာပဲရှိနေသေးတော့ သူကိုမထိဘူး၊ မုဒ်ဦးအနီးရောက်တော့ အောက်ဘက်မှာ စကားပြောသံကြားနေရတယ်၊ သူတို့ဘာလုပ်နေလဲဆိုတာကို သွားကြည့်မလို့ စေတီအနားရောက်တော့ မိုင်းနင်းမိတယ်၊ စေတီအနီးအနားဆိုတော့ မိုင်းရှိမယ်မထင်ဘူး၊ ဒဏ်ရာကတော့ ဘယ်ခြေဖဝါးမှာနဲ့ ခြေချောင်းတွေပြတ်သွားတယ်၊ ဒူးနှစ်ဖက်စလုံးလည်း ထိတယ်၊ မိုင်းထိပြီး ကိုယ့်ဟာကိုယ်ပါလာတဲ့အဝတ်နဲ့ချည်ပြီး လမ်းဘက်တက်လာပြီး ပေါက်ကွဲသံကြားတဲ့ အချိန်မှာ အဲ့မှာရှိတဲ့စစ်သားတွေက ကျနော်ကို ဆေးရုံလာပို့ပေးသွားတယ်” ဟု ပြောပါသည်။

အဆိုပါမြေမြှုပ်မိုင်း နင်းမိသည့် အမျိုးသားသည် ပန်းရံ၊ လက်သမား အလုပ်လုပ်နေသူ အသက် (၃၄) နှစ်အရွယ်ရှိ ကရင်လူမျိုးဖြစ်ပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှ ဇာတိဖြစ်ကြောင်းသိရပါသည်၊၊

အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့ တပ်စခန်း‌ဟောင်းများတွင် မြေမြှုပ်မိုင်း ပေါင်းများစွာ ထောင်ထားသည့်အတွက် ၂၀၂၄ ခုနှစ် အတွင်း စခန်းသစ်ပတ်၀န်းကျင် အနီးတွင် မြေမြှပ်မိုင်းနင်းမိသည့် ပြည်သူ နှစ်ဦးရှိပြီဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ မှတ်တမ်းရရှိပါသည်။

Photo – TWO

#landmine#Namkhamtownship#northernshanstate

 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *