ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ် သဘောထားထုတ်ပြန်ကြေညာချက်

စာမှတ် ၀၃/၂၀၂၄

၃၁ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။

၁။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ဦးဆောင်ပြီး တအာင်းအမျိုးသမီးဖိုရမ်ကို  ၂၀၂၄ခုနှစ်၊ မတ်လ (၂၈-၂၉) ရက်နေ့အထိ နမ္မတူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၁၀) မြို့နယ်မှ ကိုယ်စားပြု အမျိုးသမီးကိုယ်စားလှယ်များ၊ တအာင်းအရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ကျေးရွာအကြမ်းဖက်မှုလျှော့ချရေးကော်မတီဝင် များ၊ ကျေးရွာအမျိုးသမီးကိုယ်စားပြု ကော်မတီဝင်များ၊ အမျိုးသမီးဖွံ့ဖြိုးရေးဌာနမှ ကိုယ်စားလှယ်များနှင့် ဒေသ အတွင်းရှိ အမျိုးသမီးခေါင်းဆောင်များ စုစုပေါင်း (၁၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

၂။ ဖိုရမ် (၂)ရက်တာအတွင်း အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ နိုင်ငံအဆင့်-နိုင်ငံတကာအဆင့် အမျိုးသမီးအရေးလှုပ်ရှားမှုများ၊ လက်ရှိဒေသအတွင်း အမျိုးသမီးကိုယ်စားပြုပါဝင်မှု အခြေအနေများကို ဆွေး နွေးသုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချသည့်အခန်းဏ္ဍ အသီးသီးတွင် အမျိုးသမီးပါဝင်လာရေးကိစ္စရပ်များ၊ ဒေသ အတွင်း အဖြစ်အများဆုံးသော အမျိုးသမီးအပေါ် အကြမ်းဖက်မှုများ အပါအဝင် အထူးသဖြင့် စစ်ပဋိပက္ခနှင့် ဆက် နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ဒေသအတွင်း အမျိုးသမီးများအား ခွဲခြားဖိနှိပ်နေသည့် ရှေးရိုးစွဲ ဓလေ့များ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များကို ပယ်ဖျက်နိုင်ရေး စသည့်ကိစ္စရပ်  အသီးသီးကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးသုံးသပ်အဖြေရှာခဲ့ကြသည်။

၃။ ဒေသအတွင်း အမျိုးသမီးရေးလှုပ်ရှားမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်လာပြီး အမျိုးသမီးကွန်ရက်ပူးပေါင်းမှု အားကောင်းလာရေး နှင့် အမျိုးသမီးကိုယ်စားပြုပါဝင်မှု မြှင့်တင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များစွာလည်း ချမှတ် ဆွေးနွေးခဲ့သည့်အပြင် ယခုနှစ်အတွင်း ဂျဲန်ဒါမူဝါဒ (Gender Policy) ပေါ်ထွက် လာရေးအတွက် ရေးဆွဲသွားမည် ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

၄။   တအာင်းအမျိုးသမီးအဖွဲ့အစည်းသည် အမျိုးသမီးထုအား ကိုယ်စားပြုပြီး နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ တရားမျှတမှုဆိုင်ရာ အသွင်ကူးပြောင်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ အပါ အဝင် ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် အမျိုးသမီးကိုယ်စားပြုပါဝင်မှု လျစ်လျူရှုနေခြင်းကို ကန့်ကွက်ရှုတ်ချပါသည်။ မိမိတို့ အမျိုးသမီးများ မပါဝင်သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပဋိပက္ခပြုပြင်ပြောင်းလဲ ရေး ဆွေးနွေးပွဲများသည် အမျိုးသမီးထုကို ကိုယ်စားမပြုသည့်အတွက် မိမိတို့ မျှော်မှန်းသည့် ကျား-မ တန်းတူရေး ရရှိလာရန်အတွက်  ဖိုဝါဒကြီးစိုးမှုကို တော်လှန်တိုက်ထုတ်သွားမည်ဖြစ်သည်။

၅။ အထက်ပါဆွေးနွေးချက်များအပေါ် မူတည်ပြီး တော်လှန်ရေးအင်အားစုများ၊ သက်ဆိုင်အဖွဲ့အစည်း အသီးသီး များနှင့် သက်ဆိုင်ရာ ဒေသအသီးသီး အုပ်ချုပ်ရေးအဖွဲ့များအား အောက်ပါကိစ္စရပ်များကို လေးနက်စွာ တိုက်တွန်း တောင်းဆိုလိုက်သည်။

(က) နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတိုင်းနှင့် ဆွေးနွေးစကားဝိုင်း အသီးသီးတွင် အမျိုးသမီး အနည်းဆုံး ၃၀ % ပါဝင်ရေးကို အလေးနက်ထား အကောင်အထည်ဖော်ရန်။

(ခ) အဖွဲ့အသီးသီးတွင် ဂျဲန်ဒါမူဝါဒများနှင့် အမျိုးသမီများအား အထူးကာကွယ်သည့်လုပ်ငန်းစဉ်များ ရေးဆွဲပြဌာန်း ပြီး လိုက်နာကျင့်သုံး ဆောင်ရွက်ရန် နှင့် သက်ဆိုင်ရာအစိုးရ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များမှ ဂျဲန်ဒါဘတ်ဂျတ် သီး သန့်ထားရှိရန်။

(ဂ) အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်လာရေးအတွက် လွတ်လပ်စွာ ပြုလုပ်ခွင့် ပြုရန်။

(ဃ) အမျိုးသမီးများအပေါ်  ဖိနှိပ်နေသည့် အန္တရာယ်ရှိသော ရှေးရိုးစွဲ ဓလေ့ထုံးတမ်းများ၊ စည်းမျဉ်း စည်းကမ်း များ၊ အမိန့်ညွှန်ကြားချက်များ၊ ဥပဒေများအား ကျင့်သုံးခြင်းမှ  ရှောင်ရှားရန် နှင့် ပယ်ဖျက်ရန်။

(င) စစ်ပဋိပက္ခအတွင်း အမျိုးသမီးများအား ဓားစာခံအဖြစ်အသုံးပြုခြင်း ရှောင်ရှားပြီး အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန် နှင့် စစ်ပဋိပက္ခ အတွင်း အမျိုးသမီး၊ မိန်းကလေးငယ်များအား ယာယီ အထူးကာကွယ်ရေး ယန္တရားများ ထားရှိရန်။

(စ) မိန်းကလေးငယ်များနှင့် ကလေးများအား  ကလေးစစ်သားစုဆောင်းခြင်းမှ ရှောင်ရှားရန်နှင့် ကလေးစစ်သား ထမ်းဆောင်နေသည့်ကလေးငယ်များရှိပါက ပြန်လည်လွှတ်ပေးပြီး ပညာပြန်လည်သင်ကြားနိုင်ရေး စီမံဆောင် ရွက်ပေးရန်။

ဆက်သွယ်ရန်

၀၉ ၄၀၃ ၈၇၇ ၆၉၀