ကျောက်မဲမြို့နယ်မှ အမျိုးသားတစ်ဦး အိမ်ခြံဝင်းထဲ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်

 ရက် အောက်တိုဘာလ ၂၀၂၅

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီအချိန်တွင် ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာအုပ်စု နောင်ပြစ်ကျေးရွာတွင်အမျိုးသားတစ်ဦး အိမ်ခြံဝင်းထဲ၌ မြေမြှပ်မိုင်းနင်းမိပြီး ညာခြေထောက်ပြတ်ထွက်သွား သည်ဟု သိရပါသည်။

အထက်ပါအမျိုးသားသည် အသက် ၄၄ နှစ် စိုင်းကျော်သိန်းဖြစ်ပြီး ၎င်းအမျိုးသား၏ မိသားစုသည် လယ်ယာတွင် စစ်ရှောင်ပြီးအပြန် နေအိမ်ပြန်လာနေသည့်နေ့တွင် မိုင်းနင်းမိခဲ့ခြင်းသည်ဟု အမျိုးသမီးတစ်ဦးမှ TWO ကိုပြောပါသည်။

“တိုက်ပွဲဖြစ်ပွားကတည်းက လယ်ယာမှာပဲ သွားအိပ်တာ၊ ကျမတို့ အိမ်ပြန်ပြီးနေမယ်ဆိုပြီး ပြန်လာတဲ့နေ့မှာပဲ မိုင်းနင်းမိသွားတယ်၊အိမ်ထဲမှာတော့မဟုတ်ဘူး၊ နေအိမ်ခြံဝင်းထဲမှာပါ၊ အခုတော့ သူက ဆေးရုံကနေတော့ ဆင်းလာပြီ ဒဏ်ရာအခြေအနေတော့ ပြန်သွားပြရမယ်၊ ညာခြေထောက်ဒူးအထက်ပိုင်းအထိ ဖြတ်လိုက်ရတယ်” ဟု ပြောပါသည်။

နောင်ပြစ်ကျေးရွာသည် TNLA နှင့် SSPP တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည့်အပြင် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသလည်း ဖြစ်သည်။