နောင်ချိုမြို့နယ်တွင်အမျိုးသားတစ်ဦးထင်းခုတ်နေရင်းမြေမြှုပ်မိုင်းနင်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအုပ်စု နောင်လိပ်ကျေးရွာတွင် နေထိုင်သော ဦးမောင်သာနီသည် တောတစ်နေရာ၌ ထင်းခုတ်နေရင်း မြေမြှပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရသည်ဟု သိရပါသည်။
ပြီးခဲ့သည့် ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် နောင်လိပ်ကျေးရွာနှင့် ၃ မိုင်ခန့်ကွာဝေးသော တောတစ်နေရာ၌ ဦးမောင်သာနီအသက် ၅၅ နှစ်သည် ထင်းခုတ်နေရင်း မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။
သားဖြစ်သူမှ “သူတို့ထင်းခုတ်သွားတာက ၃ ယောက်ရှိတယ်၊ နင်းမိတာက ကျတော့်အဖေပေါ့၊ ဒဏ်ရာရတာလည်း သူတစ်ယောက်ထဲပဲ ရွာကနေဆေးရုံအထိ ဘုန်းကြီးကားနဲ့ လာပို့တာ၊ အဲဒီတောဖက်က ဘယ်လက်နက်ကိုင် သွားလည်းဆိုတာတော့ ကျတော်လည်းမသိဘူး” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

အထက်ပါ မိုင်းနင်းမိသည့် ဦးမောင်သာနီသည် ဘယ်ဖက်ခြေထောက်ဖြတ်လိုက်ရသည့်အပြင် ဘယ်ဖက်လက် ပါထိခိုက်ဒဏ် ရာရသဖြင့် လက်ရှိတွင် ပြင်ဦးလွင်ဆေးရုံသို့ ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစရိတ်ပါ အခက်အခဲရှိနေကြောင်း သိရပါသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ကောက်ယူရရှိထားသည့် မှတ်တမ်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ ကလေးငယ် ၆ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၉ ဦး နှင့် သေဆုံးသူ ၁ ဦးထိ ရှိပါသည်။







Leave a Reply
Want to join the discussion?Feel free to contribute!