ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်း သုဿန်တွင် ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး သေဆုံး
၃၀ ရက် စက်တင်ဘာလ ၂၀၂၅
စက်တင်ဘာလ ၂၉ ရက်နေ့ တိုက်ပွဲပြင်းထန်နေသည့် ကျောက်မဲမြို့ အေးချမ်းသုဿန်တွင် နွားကျောင်းနေသည့် လူငယ်တစ်ဦး နှင့် အလောင်းသင်္ဂြိုလ်ပေးသည့် ဒေသခံ ၁ ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့သည်ဟု ကျောက်မဲ ပရဟိတအသင်းများက ထုတ်ပြန်ထားပါသည်။
မနေ့ နံနံက်ပိုင်း ၁၀ နာရီခန့်တွင် အေးချမ်းသုဿန်တွင် အလောင်းသင်္ဂြိုလ်ပေးသည့် စေတနာ့ဝန်ထမ်း ဦးပလောင် (ခ) ကိုဦး သည် သင်္ဂြိုလ်စက် အနောက်ဘက်တွင် အရိုးပြာသွားသွန်နေသည့်အချိန် မိုင်းတိုက်မိပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။
အလားတူ မနေ့ ညနေပိုင်း ၄ နာရီခွဲအချိန်တွင် ကျောက်မဲ အေးချမ်းသုဿန် ကွင်းပြင်၌ နွားကျောင်းနေသည့်အချိန် အသက် ၁၄ နှစ်အရွယ် မောင်အိုက်လော့ လူငယ်တစ်ဦးသည်လည်း ထပ်မံ မိုင်းတိုက်မိပြီး သေဆုံးသွားခဲ့သည်။
ပုံ – နမ့်ခုံးရှမ်းများပရဟိတအသင်း
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို အောက်ပါ Website တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။










