သီပေါမြို့ကို စကစမှ ဗုံး ၂ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့
၄ ရက် အောက်တိုဘာလ ၂၀၂၅
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ် မန်ဟဲကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ယနေ့ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီခွဲကျော်အချိန်တွင် မန်ဟဲကျေးရွာရှိ စစ်တပ် စခန်းအတွင်းကို ပေါင် ၂၅၀ ဗုံး ၂ လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
” ဒီမနက်လာကြဲသွားတယ်။ မန်ဟဲရွာ ဘက်မှာတပ်စခန်းရှိတယ်။ တပ်စခန်းမှာကျတာ။ ထိခိုက်မှုမရှိဘူး ” ဟုပြောပါသည်။
မနေ့ အောက်တိုဘာ ၂ ရက်နေ့တွင်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ကုမုဒြာဟိုတယ် အဆောက်အဦး ၁ ခု ထိမှန်ပျက်စီးခဲ့သည်ဟု သိရှိရသည်။

ပုံ – ဒေသခံ
#သီပေါ #စံဖိတ်ရွာ #မန်ဟဲရွာ #လေကြောင်းဗုံးကြဲ #အဆောက်အဦးထိ
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို အောက်ပါ Website တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။











