နောင်ချိုတွင် ဒေသခံတစ်ဦး မြေမြှေုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့
| နောင်ချိုတွင် ဒေသခံတစ်ဦး မြေမြှေုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၂၀ ရက် ဇန်နဝါရီလ ၂၀၂၆ ခုနှစ် ရှမ်းမြောက် အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ပန်ဟတ်ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါသည်။ ဖြစ်စဉ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် ၂၀၂၅ ခုနှစ် နံနက်ပိုင်း ၉ နာရီအချိန်တွင် ပန်းရံအလုပ်သွားရာမှတောင်ရှည်ကျေးရွာနှင့် ပန်ဟတ်ကျေးရွာတို့ကြားတွင် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်ပါသည်။ “အလုပ်သွားနေတာ မိုင်းရှိမှန်းမသိဘူး။ တောင်ရှည်ရွာအနား ဒုဌဝတီမြစ်နားလေးမှာ မိုင်းနင်းမိတယ်။ မိုင်းက မြေမြှုပ်မိုင်းပါ။ ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာရတယ်။ ဘယ်ခြေထောက်ကို ပေါင်းရင်းနားအထိ ဖြတ်ရတယ်။ဘယ်ဘက်ပေါင်နဲ့ ခြေကောက်ဝတ်နားမှာပဲထိတယ်။ ဒဏ်ရာ မသက်သာသေးလို့ အခုချိန်ထိဆေးကုသနေရပါ ” ဟုကာယကံရှင်ဖြစ်သူမှ ပြောပါသည်။ ၎င်းသည် ပြင်ဦးလွင်စစ်ဆေးရုံတွင် ယနေ့အထိ ဆေးကုသမှုခံယူလျက်ရှိပြီး ၄၂ နှစ်အရွယ်ရှိ ဦးတင်ဦး ဖြစ်ပြီးဆေးကုသစရိတ်အခက်အခဲရှိနေသည်ဟုလည်း ကာယကံရှင်ထံ သိရှိရပါသည်။ |










Leave a Reply
Want to join the discussion?Feel free to contribute!