ပြောင်းဖူးခြံတွင် ဆေးဖျန်းရင်း မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖျက်လိုက်ရသည့်  ဒေသခံတစ်ဦး ဆေးဖိုးအကူအညီ လိုအပ်နေ

ရှမ်း/မြောက် အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ထားသော ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု ပင်တီးကျေးရွာတွင် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်းထိခိုက်ပြီး ဒဏ်ရာရရှိခဲ့ကြောင့် ကာယကံရှင်ထံမှ သိရှိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် မိုင်းတင်းကျေးရွာအုပ်စု ပင်တီးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် ပြောင်းဖူးခင်းအတွင်း ပေါင်းသတ်ဆေးဖြန်းရာမှ ကြိုးမိုင်းတိုက်မိပြီး ခြေထောက်တစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

“ ပြောင်းခင်းမှာ ပေါင်းသတ်ဆေးဖြန်းနေတဲ့အချိန်မှာ ထိတာ။ ကြိုးမိုင်းတိုက်မိပြီး ပေါက်ကွဲသွားတယ်။ ပေါက်ကွဲတဲ့ မိုင်းအစက ထိသွားတယ်။ ‌ဘယ်ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရတယ်။ ခြေထောက် အရိုးထိထားလို့ စတီးထည့်ထားရတယ်” ဟု ကာယကံရှင်မှ ပြောပါသည်။

ထိုသို့ ကြိုးမိုင်းထိခိုက်သူသည် ၃၀ နှစ်အရွယ် ရှမ်းလူမျိုးဖြစ်သူ ကိုစိုင်းထွန်းကြည် ဖြစ်ပြီး ယနေ့အချိန်အထိ ပြင်ဦးလွင်ဆေးရုံတွင်ဆေးကုသနေဆဲ ဖြစ်ပါသည်။

နောင်ချိုမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်စဉ်ကတည်းက တောင်ကြီးမြို့နယ်ဘက်သို့ လရှည်စစ်ရှောင်နေရခြင်းနှင့် စီးပွားရေးအဆင်မပြေခြင်းကြောင့် ဆေးကုသစရိတ်အတွက် အကူအညီလိုအပ်သည် ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံကို ပြောပါသည်။

ပုံ – ကာယကရှင်