သီပေါ၊ စံဖိတ်ကျေးရွာ မိုင်းနင်းမိတဲ့ဒေသခံတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားပြီး ဆေးကုစရိတ် အခက်အခဲရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းနင်းခဲ့မိပြီး ဒဏ်ရာပြင်းထန်သောကြောင့် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည့်အတွက် ဆေးကုသစရိတ် အခက်အခဲဖြစ်နေပါသည်ဟု သိရှိရသည်။ 

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ကျေးရွာအတွင်းရှိ လီဆူကုန်းဘက်တွင် ခြံရှင်းနေသည့်အချိန် မြေမြှပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပါသည်။

မိုင်းနင်းမိသည့် စိုင်းအိုက်ဆိုင်၏ မိခင်ဖြစ်သူမှ” သူက ရွာထဲ လီဆူကုန်းဘက်က ခြံထဲမှာခြံရမ်းရင်းနဲ့ နင်းမိတာ၊ ဒဏ်ရာတော့ တအားပြင်းတယ်၊ ဘယ်ခြေထောက်တစ်ဖက်ပြက်သွားပြီ၊ ဆေးကုသဖို့အတွက် အခက်အခဲတအားရှိတယ် ဒီမှာလာတဲ့အချိန်က ပိုက်ဆံတစ်ပြားမှ မရှိဘူး ပိုက်ဆံအများကြီးကုန်တယ် ရွာကအမျိုးတွေနဲနဲကူညီတဲ့ဟာနဲ့ ဆေးဖိုးအတွက်သုံးလာတာ ” ဟုပြောဆိုပါသည်။

အဆိုပါ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသားသည် သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် နေထိုင်သည့် လီဆူတိုင်းရင်းသားဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ ဦးစိုင်းအိုက်ဆိုင် ဖြစ်ပြီး လားရှိုးဆေးရုံတွင် ဆေးကုသနေရဆဲ ဖြစ်ပါသည်။ 

သတင်းဓာတ်ပုံ – TWO

#မြေမြှုပ်မိုင်း

#ခြေထောက်ပြတ်ထွက်

#ဒဏ်ရာရ

#သီပေါ #စံဖိတ်ကျေးရွာ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း