အကြမ်းဖက်စစ်ကောင်စီနဲ့ DPLAတပ် တိုက်ပွဲကြောင့်ကျောက်ဂူ ဒေသခံများမှ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်း/တောင် ရပ်စောက်မြို့နယ် ကျောက်ဂူရွာမှာ ဓနုပြည်သူ့လွတ်​မြောက်ရေးတပ်မတော်-DPLA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နီးစပ်ရာပတ်၀န်ကျင်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရပါသည်။

“ကျောက်ဂူမှာ လူတွေက သိပ်မရှိတော့ဘူး ဒီနေ့လည်း လူတစ်ယောက်ထိတယ်လို့ကြားတယ် သူကကျောက်ဂူကို ဟင်း၀ယ်ဖို့သွားတာ”ဟု ဒေသခံအမျိုးသားတစ်ဦးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်း ထံ ပြောပါသည်။

ဒီဇင်ဘာ ၉ရက်မှ စ၍ ယနေ့ ဇန်န၀ါရီ၁၄ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအတွင်းရှိ ဆိုင်ခန်းအချို့ မီးလောင်မှု ရှိပြီး အရပ်သားတစ်ဦးလက်နက်ကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

“စစ်ရှောင်လာတဲ့သူကတော့ နေတိုင်းဘဲလာတယ် များတယ် ဘယ်လောက်ဆိုတာတော့ မပြောတတ်ဘူး တချို့က လယ်ယာတွေမာသွားနေကြတယ် တ၊ချို့က အမျိုးတွေစီနေတယ် ၊ကျောက်ဂူမာလဲ ဖုန်းလိုင်း ဖြတ်ထားတော့ ဘာသတင်းမှမရဘူး” လိုလဲ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဂူရွာမှာ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဖုန်အင်တာနက်လိုင်းများ အားလုံးဖြတ် တောက်ထားသည့်အတွက်ကြောင့် တိုက်ပွဲကြောင့် ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှု အခြေနေကို တအာင်းအမျိုး သမီးအဖွဲ့စည်းမှ အသေးစိတ်သိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ရှမ်း/တောင်#တိုက်ပွဲ#ကျောက်ဂူ#စစ်ရှောင်#ဒေသခံပြည်သူ