မိုးကုတ်မြို့  နာမည်ကြီး ရွှေလိပ်ပြာဟိုတယ်ကို စကစမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ အမျိုးသား ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ 

မိုးကုတ်မြို့ အနောက်ပိုင်း နှင့် အရှေ့ပိုင်းကြားရှိ ရွှေလိပ်ပြာဟိုတယ်ကို အကြမ်းဖက်စစစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

ရွှေလိပ်ပြာဟိုတယ်ကို ၂၆ ရက်နေ့ ညနေပိုင်း ၄ နာရီ ၅၈ မိနစ်အချိန်တွင် လေကြောင်းဖြင့် ဦးတည်တိုက်ခိုက်ခဲ့မှုကြောင့် ဟိုတယ်အဆောင် တစ်ခုလုံး ပေါင် ၂၅၀ ဗုံးထိမှန်ပျက်စီးခဲ့သည်ဟု မိုးကုတ်မြို့နယ်မှူး မိုင်းခူန်ရံက် (Weachat) ထံ သိရှိရသည်။ 

“ ကျနော်လည်း မိုးကုတ်-မိုင်းလုံလမ်း ပြင်တဲ့နေရာ သွားလုပ်နေရလို့ ဟိုတယ်မှာ သွားမကြည့်လိုက်ရဘူး၊ လူတွေတော့ အများကြီးမထိဘူး၊ အဲမှာ ပန်းရံအလုပ်လာဆင်းတဲ့ သူတွေထိတာ ဆိုင်ကယ်နဲ့၂စီးလာကြတာ၊ အရှေ့က ဆိုင်ကယ်စီးတဲ့သူက ဆုံးသွားတယ်၊ အနောက်ကလူ နဲနဲထိသွားတယ်၊ လူအထိအခိုက်ကတော့ အဲလောက်ပဲ၊ အဆောက်အဦးပဲ ပျက်စီးတာများသွားတယ်” ဟု TWO ကို ပြောသည်။ 

“ အဲဒါတွေကလဲ အလုပ်သမားတွေဖြစ်တယ်၊ အဲမှာအိပ်တဲ့လူတွေ မဟုတ်ဘူး၊ အခုဗုံးကြဲတဲ့နေရာက လူမရှိတဲ့အချိန်ဖြစ်တယ်၊ လူတွေလာအိပ်တဲ့အဆောင်တော့ ဘာမှမထိဘူး” ဟု ပြောသည်။ 

သေဆုံးသွားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေလိပ်ပြာအဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့သည်။