နောင်ချိုမှာ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင့်  ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ဘာသာရေး အဆောက်အဦးပျက်စီးမှုရှိ

 ရှမ်း/မြောက် တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဇန်န၀ါရီ ၆ရက်နေ့ မနက် ၁၀နာရီ ၀န်းကျင်မှာ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘာသာရေးအဆောက်အအုံးတစ်ချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် နောင်ချိုမြို့နယ် သပြေရေရပ်ကွက်ရှိသော သပြေတောင်ဘုရားကုန်းဘက်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် ဗုံးတစ်လုံးကြဲချ ခဲ့ခြင်း ဖြစ်ပါသည်။

ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးမှ “မနက်က လေယာဉ်ဗုံးလာကြဲသေးတယ်၊ သပြေတောင်ဘုရားကုန်းမှာ ကြဲတယ်၊ ဘိုးဘွားရိပ်သာပဲရှိတယ် ဘာတပ်စခန်းမှ အခြေချတာမရှိဘူး၊၊ အဆောက်အဦးတွေပျက်စီးတယ်၊ အမျိုးသား တစ်ဦးလဲထိခိုက်ဒဏ်ရာရတယ်”ဟု ဆိုပါသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် အမျိုးသားမှာ အသက် ၃၀နှစ် အရွယ်ရှိ စိုင်းလှဦးဖြစ်ပြီး ညာဘက်ပေါင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင့် သိရှိရပါသည်၊၊ ထိုဖြစ်စဉ် အသေးစိတ်အချက်အလပ်များကို အသေးစိတ် သိရှိရန်အတွက် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါသည်။

ထိုဖြစ်စဉ်နည်းအတူ တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် ဒေသတစ်ချို့တွေကို အကြမ်းဖက် စစ်ကောင်စီ ဘက် မှ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဇန်နဝါရီလ တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် တအာင်းတပ်မတော် -TNLA တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ပုံ – ဒေသခံ 

#နောင်ချို

#လေကြောင်းဗုံးကြဲတိုက်ခိုက်မှု

#ဒဏ်ရာရ