မိုင်းငေါ့မြို့ကို စကစမှ ဗုံးကြဲတိုက်ခိုက်ခဲ့၊ တံတားပျက်စီး
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် မိုင်းငှေါ့မြို့မှာ စစ်ကောင်စီက ဗုံးကြဲခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့ ဇူလိုင်လ ၁၂ နာရီ မိနစ် ၅၀ အချိန်တွင် မိုင်းငေါ့မြို့အဝင် တံတားတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှု မရှိခဲ့ဘူးဟု သိရသည်။
မိုင်းငေါ့မြို့နယ်မှူး ကိုအောင်ခင် ပြောပြသည်မှာ “ မြို့ထဲကျတာမဟုတ်ဘူး၊ မြို့ပြင်က တံတားမှာ ကျတာ၊ အင်္ဂလိပ်ခေတ်ကတည်းက ဆောက်ထားတဲ့တံတားလေ၊ အဲ့မှာလုံခြုံရေးဂိတ်ချထားတာ၊ ဗုံး ၂ လုံးချတာ ပေါင် ၂၅၀ပေါ့နော်၊ တစ်လုံးအရင်ချပြီးတော့ ပြန်ပတ်ပြီး နောက်တစ်လုံးပြန်လာချတာ “ ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တံတားလုံခြုံရေးဂိတ်တွင် ကင်းစောင့်သည့် နမ့်ဆန် မန်လွယ်ရွာသားစစ်သား ၁ ဦး သေဆုံးခဲ့ပြီး အလှည့်ကျရွာစောင့် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ပေါင် ၂၅၀ ဗုံးကြဲခံရပြီး တံတား ပျက်စီးအစိတ်အပိုင်း အချို့ ပျက်စီးသွားခဲ့သည်။