သီပေါမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ ပြည်သူf ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
ြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် ညနေပိုင်း ၅း၅၇ မိနစ်အချိန် သီပေါမြို့နယ် တောင်မြို့ရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၂၅၀ ဗုံးလေးလုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အသက် ၃၀ နှစ်အရွယ် ကိုရွှေလှိုင်း (ဆံပင်ညှပ်ဆိုင်) နှင့် ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဒေသခံ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄)ဦး တို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (ထိခိုက်ဒဏ်ရာရသူများ၏ ကိုယ်ရေးအကျဉ်း အသေးစိပ်စုံစမ်းရမည်)
ထို့အပြင် ကိုမျိုး နေအိမ် (နယ်စည်းမခြားပရဟိတအဖွဲ့ဝင်)၊ ကိုကျော်ကျော် (စတားဖုန်းဆိုင်) နှင့် လဲက်(ချှ်)မီး နေအိမ်၊ ကိုရွှေလှိုင်း (ဆံပင်ညှပ်ဆိုင်) နှင့် ကိုချမ်းငြိမ်းထွေး (သီပေါမိုဘိုင်းဖုန်းဆိုင်) အိမ်တို့ကို ထိခိုက်ပျက်စီးခဲ့သည်။
ပုံ နဲ့ သတင်းအရင်းအမြစ် – PSLF/TNLA သီပေါအုပ်ချုပ်ရေးဌာန၊ မြို့နယ်မှူး / PDF orginal file