မိုးကုတ်မြို့တွင် စကစ ဗုံးကြဲ၊ ဒေသခံ တစ်ဦး ဒဏ်ရာရရှိ
၁၇ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာရှိ ကြက်ခြံတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင့် ဒေသခံအမျိုးသားတစ်ဦးထံမှ စုံစမ်းသိရပါသည်။
ဖြစ်စဥ်တွင် မနေ့ အောက်တိုဘာလ ၁၆ ရက် နံနက် ၇ နာရီခွဲအချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသည်ဟု သိရသည်။
ဖြစ်စဥ် သိရှိသူ အမျိုးသားတစ်ဦးမှ “ဗုံးက မြို့ပြင်မှာပဲ ကျတယ်။ ကြက်ခြံမှာကျတယ်။ အစဆင်ပြီး တစ်ယောက်ထိတယ်။ ခေါင်းမှာ ဒဏ်ရာနည်းနည်းရတယ်။ နာမည်တို့ အသက်တို့တော့မသိရသေးဘူး” ဟု ပြောပါသည်။
ထိုနည်းအတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်လည်း ညောင်ထောက်ကျေးရွာအုပ်စု လယ်ကြီးကျေးရွာတွင် တောထဲတစ်နေရာတွင် ပေါင် ၂၅၀ ဗုံးကြဲခဲ့ပြီး နမ့်ခုံးအုပ်စု ပဇီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁ အိမ် ပျက်စီးသွားခဲ့ပါသည်။











