ကျောက်မဲမြို့တွင် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ရှမ်း/မြောက် တအာင်းတပ် ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် ရပ်ကွက် ၇ တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင်း ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်

ဖြစ်စဉ်တွင် လွန်ခဲ့သော ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုကြောင်း ဒေသခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး၂ ဦးနှင့် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 သေဆုံးသွားသည့် မောင်မျိုးမင်းထွေး၏ ဖခင်ဖြစ်သူမှ” နေ့လည် ၂ နာရီဝန်ကျင်ပေါ့ ဗုံးက အိမ်နောက်ရဲ့ကတ်လျက် မီးဖိုချောင်အနောက်တစ်ဖတ်ကမ်းမှာကျတယ်။ ဗုံးကတစ်လုံးပဲတွေ့တယ် မီးဖိုချောင်တစ်ခုလုံး တောင်ပျောက်ကွယ်သွားတာပဲ။  အဲ့အချိန်ပဲ ၃ယောက်ထိတယ် ၊၊ မျိုးမင်းထွေးဆိုရင် အူခွေပဲတွေ့တော့တယ်။  ခန္ဓာကိုယ်တောင်ရှာမတွေ့ဘူး။ ဘေးပတ်ဝန်ကျင်အိမ်တွေလည်းပျက်စီးသွားတယ်။ ကျန်တဲ့မိန်းကလေး တစ်ယောက်သေသွားတယ်။ နောက်တစ်ယောက်ကျတော့ နောက်နေ့ မနက်မှသေသွားတယ်။ဗုံးက ပေါင် ၃၀၀ လောက်ဖြစ်မယ်။  အသံကတော့ တစ်ချက်ပဲကြားလိုက်တယ်။ ဒါပေးမယ့် သူများပြောတော့ ၂ လုံးကြဲတယ်၊ ဗုံးမကြဲခင် ကလေးတွေက အိမ်မှာဆော့နေကြတယ်။  ကလေးတွေကို ထမင်းစားဖို့အော်ခေါ်နေတယ်၊၊ ခနရောက်တော့ ဗုံးလာချသွားတယ် ကလေးအသံလည်းမကြားရတော့ဘူး။  ကလေးတွေကလည်း မထူးဘူး။

စိတ်က ပိုစို့ရိမ်သွားပြီ။ လေယာဉ်လဲဝဲနေတယ်။  ဖုံတွေလည်း ထ နေတယ်။ ခနနေရောက်တော့ ကျနော်တို့ရှိတယ်ဆိုပြီးပြန်ပြောလာတယ်။ ကလေးတွေက အိမ်ထဲ ခုံအောက်မှာ ဝင်ပုန်းနေတယ်။ ကလေးတွေကို အထဲဆွဲသွားတယ်သူတို့လည်း အော်နေတယ်၊ သားကြောက်တယ်။ သားကြောက်တယ်။ တော်သေးတယ်၊ ကလေးတွေက မထိဘူး။ ဗုံးကြဲပြီးနောက်မှာက ပထမဆုံး မနှင်းဆီကိုအရင်တွေ့တယ်။ သေလားရှင်းလားတော့မသိသေးဘူး။ လက်ကလေးတော့လှုပ်နေသေးတယ်။ ရှိတဲ့သူကိုခေါ်ပြီး ဒီမှာ တစ်ယောက်ထိပြီး။အိမ်ထဲပြန်ပြေးဝင်တော့ ကျနော်ညီဖိနပ်မတွေ့ဘူး။ အနောက်ကိုကြည့်လိုက်တော့ အကုန်လုံးဟင်လင်းပြင်ကြီးဖြစ်သွားတယ်။

ဗုံးခိုကတုတ်ကျင်းလည်းပြုကျသွားပြီ။ အိမ်ကတော့ တချို့က အပြင်ပိုင်းတွင်ကြည့်ရင်တော့ ဒီလောက်ကြီးမဟုတ်ဘူး။ မြမာလာတည်းခိုခန်းနဲ့ ဒေါ်သန်းနုအိမ်ကသူချွေးမပြောပုံအရဆိုရင် ထပ်ခိုးတွေ အကုန်ပြိုကျတာပဲ။ ကျနော်တို့ ဒီခန့်မ မြို့တော်ခန်းမကြီးမိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေး မိုးလုံလေလုံကစားကွင်းက ပွင့်ထွက်သွားတာပဲ။ တံခါးတွေအကုန်ပွင့်ထွက်တယ်။ ကျနော်တို့အိမ်ဆိုရင် အကုန်လုံးဘာမှ ရစရာမရှိဘူး။ နီးနားက ကုမဏ္ဏီဆိုလဲအကုန်ပွင့်။ အိမ်ထိတာက ၂ ခါရှိပြီ.one love ဟိုတယ်တုန်းကလည်းထိတယ်။” ဆိုပြောပါသည်။

လေယာဉ်ဗုံးကြဲမှု ထိခိုက်ဒဏ်ရာရရှိသည့် မနှင်းဆီ၏ အခြေအနေကို ၎င်း၏ ယောက္ခထီးဖြစ်သူမှ အခုလို ပြောပြခဲ့ပါသည်။

“သူ့မက လက်မှာ တခြားနေရာမှာ ဒဏ်ရာရတယ်။ ခြေတလုံး၊ ပေါင်  နားလည်းပေါက်သွားတယ်။ ဗုံးအစတွင် ပြန်ထုတ်ရတယ်။လားရှိုးဆေးရုံမှာ တစ်လ ဆေးရုံတက်ရတယ်။ အခုတော့ အောင်ပန်းဘက်မှာစစ်ရှောင်ရင်းနဲ့ ဆေးခန်းပြနေတယ်။ လားရှိုးမှာ ကပထမတစ်ခါပြတုန်းက အခမဲ့ဆေးကုသပေးတယ်။ ဒုတိယတစ်ခါပြန်ပြတော့ အိပ်ခတွေပါ အကုန်ပေးရတယ်။ ဆေးဖို့ရော ခွဲစိတ်ခရော အကုန်ပေးရတယ်။  အကုန်လုံး သိန်း တစ်ရာငါးဆယ်လောက်ကုန်သွားတယ်။ ကျနော်တို့ဆို အိမ်ရှေ့ဖြစ်မယ် ကျနော်ထင်တာကကျနော်မြေးလည်းထိပြီပေါ့။ မြေးတော့ဘာမှ မဖြစ်ဘူး။ လေအရှိန်ဆိုတော့ ကလေးက အဝေးရောက်သွားတယ်။ ဘာမှ မဖြစ်ဘူး။ ’’ ဆိုပါသည်။

အဆိုပါ လေယာဉ်ဗုံးကြဲမှုကြောင့် အသက် ၁၈ နှစ်အရွယ်ရှိ မသန်းသန်းထွေးဆိုသူသည်လည်း လေယာဉ် ဗုံးကြောင့် အဆိတ် သင့်ပြီးနောက်တစ်နေ့တွင်မှာ သေဆုံးသွားကြောင့်ထပ်မံသိရှိရပါသည်။

“မသန်းသန်းထွေးကျတော့ လက်နည်းနည်းထိတယ်။ တင်းပါးထိတယ်။ အစက အထဲထိဝင်သွားတယ်။ ဆေးထည့်ပြီးသက်သာတယ်ဆိုပြီး လားရှိုးကို မလိုက်သွားတာ။ ညကျမှ ယမ်းအဆိတ်‌တွေက တက်ပြီးတော့ ဆီးမသွားတော့ဘူး။ ယမ်းအဆိတ်က ဆီဖုံးထိသွားတယ်။  သွေးတွေပဲသွားနေတယ်၊ ညကတည်းက ဆရာဝန်တွေက နောက်နေ့ မနက် ၉ နာရီ မှာပြန်လာပြဖို့ချိန်းထားတယ်။ ဒဏ်ရာပေါ်ကြည့်ပီဲးလားရှိုးကို ပို့ဖို့လိုရင်လည်း ပို့ပေးမယ်ပေါ့။ မနက် ၆ နာရီလောက်တော့ ဆုံးသွားတယ်။ အုပ်တိုင်တွေ သံတွေရော ဗုံးအစတွေရောထိတာထင်တယ်။  သွားကြည့်တဲ့အချိန်မှာ သူ့ဘေးနားမှာကျတာတွေ့တယ်။  ” ဆိုပါသည်။

ထိုဖြစ်စဉ်နည်းအတူ ဖေဖော်ဝါရီလ  ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွေ တိုက်ပွဲဖြစ်ပွားချင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှကျောက်မဲပြည်သူဆေးရုံပေါ်တွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးရုံအတွင်းရှိ ဆေးကုသပေးနေသည့် CDM ဆရာမ ၂ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး လူနာများအပါအဝင် ကျန်းမားရေးဝန်ထမ်းများ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။