“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှု
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)အပြင် ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်နေစဉ်ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)မှ သတင်းအချက်အလက်များ ကောက်ခံစုဆောင်းပြီး အနှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်သည့်အပေါ်တွင် ထုတ်ပြန်ချက် ထုတ်လိုက်ပါသည်။