ကျောက်မဲမြို့တွင် အကြမ်းဖက်စကစမှ လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁၀ ဦးသေဆုံးမှုရှိ၊ သေဆုံးသူများထဲတွင် သီလရှင်များပြား
တအာင်းတပ်မတော်(TNLA) အုပ်ချုပ်ထားသည့် ရှမ်း/မြောက် ကျောက်မဲမြို့ ထုံးဖိုရပ်ကွက်နှင့် အင်ကြင်းတောင်ဘက်ရှိ သီလရှင်ကျောင်းတိုက်တွင် ယနေ့ညနေပိုင်း ၆ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့ပြီး သီလရှင်အပါအဝင် ဒေသခံ (၁၀) ဦး သေဆုံးခဲ့ပြီး (၂၀) ဦးအထက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းသိရှိရသည်။
“အသံအကျယ်ကြီးကြားရတယ် မိုးချုပ်ပြီဆိုတော့သွားမကြည့်ရဲဘူး သီလရှင်ကျောင်းမှာချပစ်တာ ဆိုတော့ သီလရှင်တွေ ဆုံးတာရှိတယ်တဲ့၊ ကျန်တာတော့ဘာမှမသိရသေးဘူးကော၊ ကြောက်နေကြလို့ ” ဟု မြို့ခံအမျိုးသမီးတစ်ဦးမှ ပြောသည်။
ရှမ်း/မြောက်၊ ကျောက်မဲမြို့တွင် အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီက ယနေ့ညနေ ၆ နာရီခွဲ အချိန့်ခန့်တွင် လေကြောင်းနဲ့ ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၁၀ ဦးသေဆုံးပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA တပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ပါသည်။

အကြမ်းဖက်စစစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ပေးနေပြီး သေဆုံးသည့်ေဒသခံရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်နေသည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)ဉီီးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၉) လုံးထိခိုက်ပျက်ဆီးသွားခဲ့သည်။
ကျောက်မဲမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်အခက်အခဲကြောင့် သေဆုံးစာရင်းနဲ့ ဒဏ်ရာရရှိသည့် ဒေသခံများ၏ စာရင်းအသေးစိပ်မရှိနိုင်သေးပါ။ စာရင်းအသေးစိပ်ကို TWO မှ ဆက်လက်စုံစမ်း နေဆဲဖြစ်ပြီး ဖော်ပြသွားမည်။
သတင်းဓာတ်ပုံ – ဒေသခံ
#စစ်ကောင်စီ #အကြမ်းဖက်မှု #ဗုံးကြဲ #ကျောက်မဲ #ရှမ်းမြောက် #လေကြောင်းတိုက်ခိုက် #ပေါင်၅၀၀ #တအာင်းတပ်မတော် #သီလရှင် #အဖွား #အစုလိုက်အပြုံလိုက်သူသတ်ခြင်း