‌မိုးမိတ်မြို့နယ် ဝဲပေါင်းကျေးရွာတွင် လေယာဉ်ဗုံးကြဲခြင်းကြောင့် ဒေသခံ ၃ ဦးသေဆုံး ၇ ဦးထိခိုက်ဒဏ်ရာရရှိ

တအာင်းတပ်မတော်ထိန်းချုပ်ထားသည့် ရှမ်း/မြောက် မိုးမိတ်မြို့နယ် ဝဲပေါင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှအကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် လွန်ခဲ့သော ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ မိနစ် ၂၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ လေယာဉ်ဗုံးကြဲခဲ့ခြင်းဖြစ်ပါသည်။

 ထိခိုက်ဒဏ်ရာရရှိသူ မောင်ပြည့်စုံဦး၏မိခင်ဖြစ်သူမှ “ညအချိန် ၈ နာရီ မိနစ် ၂၀ လာကြဲတယ်။ လေယာဉ်သံ ကြားလိုက်တာနဲ့စက္ကန်းပိုင်းပဲ ချချ သွားတယ်။ အိပ်နေတဲ့အချိန် ရွာထဲမှာ ဘာစစ်သားမှမရှိဘူး။ ဝုန်းကနဲ့အသံကြားလိုက်တာနဲ့ အိမ်ထဲစစ်ပြေးလိုက်တာ  ကိုယ်သားထိနေမှန်းမသိဘူး။ နောက်ကျမှ သိတာ။ ခြေတလုံး နှစ်ဖက်လုံးထိုးချင်းပေါက်သွားတာ။ အဲ့ဒါနဲ့ကိုယ်တစ်လမ်းသူ့တစ်လမ်း ပြေးပါလေ သေနေတဲကလေးတွေလည်း မကူအားတော့ဘူး ကြောက်ပြီးမှ ပြေးကြတာပေါ့နော်။ အဲလိုထိတဲ့သူတွေပဲကျန်နေတာ ရဲဘော်တွေလည်း ကားနဲ့ရောက်လာပြီး ဆေးကုဖို့တွေပို့ပေးလိုက်တာ။ မြန်မြန်ဆန်ဆန်ပဲ ဖြစ်သွားတာ။ အိမ်မှာထိတာ ၂ယောက် ကျန်တဲ့နေရာမှာ အိမ်ခေါင်းရဲ့အိမ် မှာ ၂ ယောက်၊ ပွဲချင်းပြီးတဲ့အိမ်က ၂ ယောက်ပါ။ များတယ်၊ စစ်ရှောင်တွေရော ။လက်သမားတွေရော လက်ပြတ်သွားတယ်။  တစ်ယောက်ကတော့ပွဲချင်းပြီးပဲ ။ အဖွားတစ်ယောက်က ခြေဖနှောင်းကြီးပျက်သွားတယ်။  ချွေးမ ရောထိတယ်။ ချွေးမက ဗိုက်။

နောက်ထပ်မေဇင်ထက် ဆိုလည်း သူကလေးနဲ့အိပ်နေတယ်။  လက်သမားလုပ်တဲ့သူတစ်ယောက်ရဲ့ ညီမအရင်း တော်တယ်။ သူ့ကတော့ပွဲချင်းပြီး ဗိုက်ပွင့်ပြီး သေသွားတယ်။ သူ့ကလေးတော့ ဘာမှမဖြစ်ဘူး။ သူတို့ကတော့ ဒီဘက်ဇာတိမဟုတ်ဘူး။ ” ဟုပြောပါသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့် ဒေသခံများမှ ကျေးရွာထဲတွင် မအိပ်ရဲပဲ ယနေ့အချိန်ထိ တော/တောင်တွေမှာသွားအိပ်နေရကြောင့် သိရှိရပါသည်။