သီပေါတွင် လက်ပစ်ဗုံးပေါက်ကွဲရာမှ မျက်လုံးကွယ်ဒဏ်ရာရခဲ့သည့် ကလေးငယ်တစ်ဦး ဆေးကုသရန် ငွေကြေးလိုအပ်နေ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ပိန်းဆိုင်းကျေးရွာတွင် ပြီးခဲ့သည့်၂၃ ရက် မတ်လ ၂၀၂၅ ခုနှစ် နံနက် ၉ နာရီ မိနစ် ၃၀ တွင် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသည် လက်ပစ်ဗုံးပစ်ပေါက်ပြီး မျက်လုံးနှစ်ဖက်လုံး ကွယ်သွားခဲ့ကြောင့် ဒေသခံဆီမှတစ်ဆင့် သိရှိရပါသည်။

“ ကလေးတွေက စာသင်ကျောင်းမှာ၊ ကလေးမတစ်ယောက်က လမ်းဘေးမှာ ဗုံးတွေ့လို့ ကောက်လာတယ်၊ စိုင်းလင်းလာဝ်ဆီ လာပေးတော့ ပစ်ပေါက်တဲ့အချိန်မှာ ပေါက်ကွဲသွားတယ်၊ သူ့ကိုပဲ ထိတယ်၊ မျက်လုံးထိသွားတာ၊ ဆေးခန်းသွားပြတော့ ညာဘက်မျက်လုံးတစ်ဖက်က မမြင်ရတော့ဘူးတဲ့၊ ကုလို့လဲ မရတော့ဘူး၊ ကလေးတွေဆိုတော့ ဘာမှမသိဘူး၊ ဗုံးမှန်းလဲမသိဘူး၊ ဗုံးက မီးလုံးလိုလိုပုံစံနဲ့ ပြင်းအားမများဘူး၊ ကျန်တဲ့ကလေးတွေကဘာမှ မဖြစ်ဘူး ” ဟု TWO ကို ပြောပါသည်။

စိုင်းလင်းလာဝ်၏ မိဘဖြစ်များသည် ငယ်စဉ်ကတည်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စစ်တပ်တွင် စစ်မှုထမ်းလုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးသွားခဲ့ပြီး အဖိုး နှင့် အဖွား တို့မှ ခေါ်ယူစောင့်ရှောက်ထားသည်ဟု သိရသည်။

စားဝတ်နေရေး အဆင်မပြေသောကြောင့် စိုင်းလင်းလာဝ်သည် ဆက်လက်ပညာသင်ကြားရန် ကျောင်းဆက် မတက်နိုင်တော့ပဲကျောင်းနားထားရပြီး မျက်လုံးကွယ်သည့် ဒဏ်ရာကို ဆေးကုသစရိတ်လည်း အသိမိတ်ဆွေများထံ တစ်ဆင့် ချေးယူထားပြီးဆေးကုသခဲ့ရသည်ဟု ဒေသခံထံမှ တစ်ဆင့် ထပ်မံသိရှိရပါသည်။