နမ့်ခမ်းမြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စကစမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံး ၁၂ဦး ဒဏ်ရာရ
ယနေ့ စက်တင်ဘာလ ၆ရက်နေ့ မနက် ၁ခွဲ၀န်းကျင်မှာ နမ့်ခမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၁၁ဦးသေဆုံး ၁၂ဦး ဒဏ်ရာရရှိခဲ့ပါသည်။
“လေယာဥ်လာသံကို မကြားရဘူး ပထမ ပစ်လိုက်တဲ့အချိန်မှ ကြားတာ ၂ ခါ လာပစ်သွားတယ် ညစျေးတန်းအနောက်နားနဲ့ ကျားဖြူခန်းမဘက်မှာ ကျတယ် ထိခိုက်မှု များတယ်”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံ တစ်ဦးက ပြောသည်။
ထိခိုက်လူနာများကို ပရဟိတအသင်းမှ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်ကိုယ်၀န်ဆောင် အပါအ၀င် မိသားစုလိုက် သေဆုံးမှု ရှိပြီး ဒေသခံ အများအပြား ဒဏ်ရာရရှိကာ နေအိမ်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် အဆောက်အဦးတချို့မီးလောင်ကာထိခိုက်ပျက်စီးမှု အသေးစိတ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်ဖော်ပြသွားမည်။
မနေ့ ၅ရက် နေ့လယ်ပိုင်း ၁နာရီခွဲ အချိန်တွင်လည်း နမ့်ခမ်းမြို့တွင် လေယာဥ် ၂ကြိမ် လာဝဲခဲ့ကြောင်း ဒေသခံများထံ စုံစမ်းသိရှိရသည်။
ဓါတ်ပုံ – ဒေသခံ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#နမ့်ခမ်း #ကလေး #ကိုယ်၀န်ဆောင်အမျိုးသမီး #ထိခိုက်ဒဏ်ရာရ #စကစ #လေယာဉ်ဗုံးကြဲ