နမ့်ဆန်တွင် သန်းခေါင်ယံအချိန် တိုက်လေယာယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံ ၁ ဦးသေဆုံး

တအာင်းတပ်မတော်ထိ(TNLA) ထိန်းချုပ်ထားသည့် တအာင်းဒေသ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ညသန်းခေါင်ယံအချိန် ၁၁ နာရီခွဲ အချိန် အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သည်ဟု သိရှိရသည်။

နမ့်ဆန်ရောက်ရှိနေသည့် ဒေသခံတစ်ဦးမှ “မနေ့ညတုန်းက ဗုံးလာကျဲသွားတာ၊ အဆောက်အဦးတွေထိတယ်၊ လူတွေတော့ အများကြီးမထိသွားတာ ကံကောင်းတယ်၊ တစ်ယောက်ပဲထိတယ် နည်းနည်းပဲ ဒဏ်ရာရတယ်၊ ဘာမှမဖြစ်ဘူး၊ EPC ရုံးမှာတော့ လူထိခိုက်တယ်၊ အသေးစိပ်ကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

အဆိုပါ ပေါင် ၅၀၀ ဗုံးကြဲမှုကြောင့် နမ့်ဆန်ဒေသခံ အမျိုးသား ၁ ဦး ထိခိုက်သေဆုံးပြီး ၁ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါဒေသခံအမျိုးသမီးမှ​ ပြောသည်။

နမ့်ဆန်မြို့ပေါ်ရပ်ကွက်ရှိ တရားဥဒေပရုံး၊ EPCရုံး ၊ ဒေသဦးစီးရုံးအနီးရှိ လက်ဖက်စက်ရုံတို့တွင် ပေါင် (၅၀၀) ဗုံးဖြင့် ၆ လုံး ဗုံးကြဲချဲခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

နမ့်ဆန်မြို့အပါအဝင် မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့တို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများယနေ့အထိ ဖြတ်တောက်ထားဆဲ ဖြစ်သည်။

ယမန်နေ့ည ၁၁ နာရီ ၄၁ မိနစ်အချိန်တွင် ည ၁၁ နာရီ ၅၁ မိနစ်အချိန်အထိ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့ကြောင်း၊ ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲရာတွင် ယမန်နေ့ည ၁၁ နာရီ ၄၁ မိနစ်တွင် ၁ ကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်တွင် ၁ ကြိမ်၊ ည ၁၁ နာရီ ၅၁ မိနစ်တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက်ပြီး ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြိုရပ်ကွက်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှု နှင့်  ပျက်စီးမှုအခြေအနေများအား ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) မှလည်း ထုတ်ပြန်ထားသည်။

ပုံ​ – TWO

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#တအာင်းဒေသ

#နမ့်ဆန့်မြို့

#ဂျက်လေယာဉ်ဗုံးကျဲ

#ရှမ်းမြောက်