နမ့်ဖတ်ကာရပ်ကွက်(၆)တွင် အကြမ်းဖက်စစ်တပ်မှ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ် ၂အိမ် ပျက်စီးခဲ့
ှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက်(၆)မှာ အကြမ်းဖက်စစ်တပ်က လွန်ခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ မနက် ၁၁နာရီခွဲအချိန်တွင် လေယာဉ်ဖြင့် ဗုံးလာကြဲရာ အရပ်သားနေအိမ် (၂)အိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲကာ ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
“တိုက်ပွဲက မနက် ၅နာရီကျော်ကတည်း စတယ်၊ ၆နာရီခွဲလောက်မှာ ကချင်စစ်သားတွေက ဘုန်းကြီးကျောင်းဝန်ထဲမှာ ဝင်နေ နေကြတာ၊ ၁၁နာရီခွဲ လေယာဉ်လာတဲ့အချိန်တော့ အဲကချင်စစ်သားတွေက အိမ်တံတိုင်းနားက မြောင်းထဲဝင်ပုန်းလို့ လေယာဉ်က အိမ်ပေါ်တည့်တည့်မှာ ပစ်ချလိုက်တာ၊ အခုအိမ်က အမိုးအကာတွေ အကုန်လုံး ပွင့်ထွက်ကုန်ပြီး ရစရာတောင် မရှိတော့ဘူး၊ ဘေးအိမ်ပေါ်လဲ ကျတယ်”လို့ အိမ်ရှင်အမျိုးသမီးတစ်ဦးက Ta’ang Women’s Organization – TWO ကို ပြောပြခဲ့ပါသည်။
လေယာဉ်ဗုံးကြဲရာတွင် ဒေါ်အမ်နှင့် ဒေါ်အီခမ်းစိန်တို့၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပျက်ဆီးသွားသော ဒေါ်အမ်၏ နေအိမ်တွင် သွပ်မိုးများ၊ အိမ်အကာများ(သွပ်)၊ အိမ်တွင်းပစည်းများဖြစ်သော ဆိုဖာထိုင်ခုံ၊ စားပွဲ၊ အလူမီနီယမ်ဗီဒို၊ သစ်ဗီဒို အပြင် စားသုံဆီ(၄)ဖာ၊ ဓါတ်ဆီများနှင့် မီးဖိုဆောင်အပါအဝင် အားလုံးပျက်ဆီးသွားကြောင်း သိရှိရပါသည်။
ထိုသို့ နေအိမ်များပျက်ဆီးသွားခြင်းကြောင့် ၎င်းတို့၏ပျက်စီးသွားသော နေအိမ်ကို ပြန်လည်မရှင်းလင်း နိုင်သေးသည့်အပြင် ယနေ့ထိ စစ်ရှောင်ကာ နေရပါသည်။
နမ့်ဖတ်ကာတွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများလည်း မိုင်းယုလေး၊ ဟိုမောရွာ၊ မော်စောင်းရွာ၊ မန်နိမ်ရွာ စသောကျေးရွာများ အပြင် နမ့်ခမ်းမြို့နယ်ဘက် ကျေးရွာအထိ ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းဒေသတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားသောကြောင့် မြေပြင်မှာ နေအိမ်ထိခိုက်မှုများ နှင့် အရပ်သား ထိခိုက်သေဆုံးမှုသည် ပိုများပြားနေပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
Photo – Local
#ရှမ်း/မြောက်