နမ့်ဖတ်ကာ ၁၂၃ စခန်းသိမ်းတိုက်ပွဲအတွင်း အဆောက်အဦးပေါင်း ၃၀၀‌ ကျော် ထိခိုက်ပျက်စီးခဲ့

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှစပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် နမ့်ဖတ်ကာခြေစိုက် ခလရ ၁၂၃ တပ်စခန်းသိမ်းတိုက်ပွဲကြောင့် နမ့်ဖတ်ကာကျေးရွာအုပ်စု အတွင်း ဒေသခံ နေအိမ်များ၊ စာသင်​ကျောင်းနှင့် သာသနာ့အဆောက်အဦး အပါအဝင် ၃၀၀ ကျော် မီးလောင် ထိခိုက်ပျက်စီးသွားခဲ့ ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးရမ်းတမ်းပစ်ခတ်ခြင်း၊ လေယာဉ်အသုံးပြု ဗုံးကြဲခြင်းကြောင့် ထိခိုက်ပျက်စီးသည့် ရပ်ကွက်နှင့်ကျေးရွာများမှာ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ အပြင် အေဲမ်းခုမ်ရွာ၊ မန်မောဝ်ရွာနှင့် စိတဘန်ရွာ တို့တွင် အများအပြား ထိခိုက်ပျက်စီးခဲ့သည်။ ထိုသို့ ထိခိုက်ပျက်စီးဆုံးသည့် ဆောက်အဦးများထဲတွင် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ မျာ၏ မီးရှို့ဖျက်စီးခဲ့ခြင်းကြောင့်လဲ ပါဝင်သည်။

ရပ်ကွက် ၅ ဒေသခံ တစ်ဦးက “ရွာထဲမှာ နေအိမ် ၁၀၀ နီးပါးပျက်သွားတယ်၊ ၇ အိမ်လောက်က မီးလောင်ပြာကျသွားတယ်။ ၁၀ အိမ် လောက်ကတော့ နေလို့မရအောင်ပျက်စီးသွားတယ်ပေါ့၊ ထိတာတော့ တစ်ရွာလုံးထိတယ်။ တချို့သူတွေဆို နေစရာမရှိလို့ တဲထိုးပြီး နေကြတယ်၊ အရင်လို ပြန်ဖြစ်အောင် ပြန်ဆောက်လုပ်ဖို့ဆို မလွယ်ကူတော့ဘူး။ ဘုန်းကြီးကျောင်းလည်း မီးလောင်ပျက်စီးသွား တယ်၊ ဘာမှရစရာမရှိတော့ဘူး“ဟု ပြောပါသည်။

ထို့အပြင် နမ့်ဖတ်ကာကျေးရွာ အတွင်းရှိ သာသနာ့အဆောက်အဦးများဖြစ်သော သန္ဒိသုခဘုန်းကြီး ကျောင်း၊ ရန်အောင်မြင်ဘုန်းကြီးကျောင်း၊ ပန်တရော(ပ့်)ဘုန်းကြီးကျောင်းနှင့် အေဲမ်းခုမ်းဘုန်းကြီး ကျောင်းတို့လည်း လေယာဥ်ဗုံးနှင့် လက်နက်ကြီးများ ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ရပါသည်၊၊

TWO ကောက်ယူရရှိသည့် စာရင်းအရ သော်လည်းကောင်း ဒေသခံများထံမှရရှိသည့် စာရင်းအရ သော်လည်း အဆိုပါ ထိခိုက်ပျက်စီးမှုစာရင်းများမှာ ရပ်ကွက် (၅)မှာ နေအိမ် ၁၂၈အိမ်၊ ရပ်ကွက် (၁)ရှိ နေအိမ် ၅၀အိမ်၊ ရပ်ကွက်(၂ ) ၄၀အိမ်၊ ရပ်ကွက် (၃)နှင့်(၄) မှာ ၃၀အိမ်၊ လောကုန်းရွာ ၃၀အိမ်၊ လွယ်ကန်ရွာ ၅အိမ်၊ အေဲမ်းခုမ်ရွာ ၁၂ အိမ်၊ မန်မောဝ်ရွာ ၃၅ အိမ်နှင့် စိတဘန်ရွာ ၃၆အိမ် တို့ဖြစ်​ပြီး စုစုပေါင်းနေအိမ်ပျက်စီးမှု ၃၆၆ အိမ် ပျက်စီးခဲ့ပါသည်။

ဓါတ်ပုံ – ဒေသခံ

#နေအိမ်ထိခိုက်ပျက်စီး#လေယာဥ်ဗုံးကြဲ#နမ့်ဖတ်ကာ

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *