တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် ယနေ့ ၁၀ နာရီ ၂၅ မိနစ်အချိန်၌ ကိုးကန့်တပ် MNDAA တပ် လက်နက်ကြီးဖြင့် စတင်ထိုးစစ်ဆင် ပစ်ခတ်နေသည်ဟု ကနဦးသတင်းအရ သိရှိရသည်။ 

 

ယနေ့ မနက်မှာ ကွတ်ခိုင်မြို့ လွယ်ဆမ်ဆစ်တောင်ခြေဘက်မှ စတင်ပစ်ခတ်နေပြီး ကိုးကန့်တပ်ဘက်မှ လက်နက်ကြီး ၂ ကြိမ်ဖြင့် စတင်ပစ်ခတ်နေသည်ဟု ဒေသခံများမှ ဆိုပါသည်။ 

 

ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ ရှမ်းသင်္ချိုင်းကုန်းကနေ ပစ်တာ၊ မော်ဟန်ဘက်ကနေရော၊ မြို့ပြင်ဘက်က ရှုခင်းသာဘက်က၊ သူများပြောတာက ကိုးကန့်ကစပစ်တာ၊ ကျမတို့တော့ မကြားရဘူး၊ လက်နက်ငယ်သံမကြားရဘူး၊  ဒီမနက်မှ အသံအကျယ်ကြီး ၂ ခါ ပစ်တာကြားရတာ” ဟု 

 

လက်ရှိအချိန် အပြန်အလှန်ပစ်ခတ်နေတာမျိုးမဟုတ်ပဲ တစ်ဖတ်သက်ပစ်ခတ်မှု ဖြစ်ပြီး ဒေသခံများ ထိတ်လန့်နေကြသည်ဟု သိရသည်။ 

 

ပြီးခဲ့သည့် မတ်လ ၁၀ ဝန်းကျင်ကတည်းက ကိုးကန့်တပ်က ကွတ်ခိုင်မြို့ ပတ်လည်တွင် အင်အားများဖြည့်တင်းထားပြီး အပြန်အလှန်စောင့်ကြည့်နေကြသည်ဟု ဒေသခံများက ပြောဆိုနေကြပါသည်။ 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *