မြန်မာ့တပ်မတော်မှလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုထိခိုက်နစ်နာမှုအပေါ် ပူးတွဲထုတ်ပြန်ချက်

၂၀၁၈-ခုနှစ်၊ ဇွန်လ ၂၉ ရက်

၂၀၁၈-ခုနှစ်၊ ဇွန်လ (၂၈) ရက် နံနက် ၅း၄၀ နာရီဝန်းကျင်တွင် ဗိုလ်မှူးဦးကိုကိုဦး ဦးဆောင်သော မြန်မာ့တပ်မတော် တပ်မ ၈၈/ခလရ ၃၂၂ တို့သည် ကွတ်ခိုင်မြို့နယ်၊ မန်နိမ်အွမ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် လူနေအိမ်(၁၀)လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည့် အတွက် မိမိတို့အဖွဲ့မှ အထူးဝမ်းနည်းမိပါကြောင်းနှင့် ထိုကဲ့သို့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည်။

ဒဏ်ရာရရှိသူ လူနာ(၁၀)ဦးရှိသည့်အနက် ၃ဦးသည် ရွာတွင်နေခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် (၇)ဦးကိုသာ ဆေးကုသရန်ရွာမှ ကွတ်ခိုင်သို့ သွားစဉ် ဒုတိယတန်းကျောင်းသား ဖြစ်သူ မိုင်းကိုကိုဦးသည် လမ်းခုလတ်တနေရာတွင် သေဆုံးပြီး မိုင်းယုလေးကျေးရွာ၌ သင်္ဂြိုလ်ခဲ့သည်ဟု သိရပါသည်။ ဒဏ်ရာရလူနာ (၆)ဦးအား ကွတ်ခိုင်မြို့အခြေစိုက် တပ်ရင်း ခလရ-၄၅ တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် လားရှိုးမြို့သို့ပို့ဆောင်ကာ ညနေ ၅းဝ၀ နာရီ ဝန်းကျင်တွင် ကုတင်၁၀ဝဆံ့ တပ်ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။ ထိုထိခိုက်ဒဏ်ရာရသူ လူနာ ၆ ဦးထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ဦး ၊ ပထမတန်းကျောင်းသား ၁ဦး ၊ ဒဏ်ရာပြင်းထန်သူ တစ်ဦးပါရှိသည့်အတွက် အလွန် ပင် စိုးရိမ်မကင်း ဖြစ်ရပါသည်။

ဤဖြစ်ရပ်အပေါ် မိမိတို့တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့နှင့် တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့တို့သည် အောက်ပါအချက်များကို ဆောင်ရွက်ပေးရန် တောင်းဆိုသည်။

(၁) မြန်မာ့တပ်မတော်မှ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာ၊ အဆောက်အဦး၊ လုပ်ငန်းခွင်သို့ လက်နက်ကြီးများ ဦးတည်ပစ်ခတ်ခြင်းမှ ရပ်တန့်ပေးရန်။

(၂) မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို နိုင်ငံတကာဥပဒေဖြစ်သည့် ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို လေးစားလိုက်နာရန်နှင့် ပြည်သူလူထုကို ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို ရပ်တန့်ပေးရန်။

(၃) ထိခိုက်ဒဏ်ရာရရှိသည့်ပြည်သူများနှင့် ၄င်း၏မိသားစုဝင်များကို ကုစားပေးရန်နှင့် ပျက်စီးဆီးဆုံးရှုံးသွားသော နေအိမ်များကို ပြန်လည်ဆောက်ပေးရန်။

(၄) ထိုးစစ်ဆင်မှုများရပ်တန့်ပေးရန်နှင့် တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးအကောင် ထည်ဖော် ဆောင်ရွက်ရန်။

မှတ်ချက်။ ။ ထိခိုက်ဒဏ်ရာရလူနာစာရင်းနှင့် ပျက်စီးဆုံးရှုုံးသွားသော လူနေအိမ်စာရင်းကို ပူးတွဲဖိုင်တွင် တွဲထားပေးပါသည်။

ဆက်သွယ်ရန်
(၁) မိုင်းဆါည်ရံက် ၊ ဖုန်း – ဝ၉ -၄၄၈၅၅၅၂၈၆
(၂) လွေးပို;ကမေဲ;ခြိူဝ်း ၊ ဖုန်း – ဝ၉-၂၅၆၁၂၈၅၈၂

Download

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *