ကယား (ကရင်နီ) ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြည်သူဆန္ဒထုတ်ဖော်ခြင်းနှင့်စပ်လျဉ်း၍ အစိုးရမှ အကြမ်းဖက်ဖြိုခွင်းမှုအပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်

ကယား (ကရင်နီ) ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြည်သူဆန္ဒထုတ်ဖော်ခြင်းနှင့်စပ်လျဉ်း၍ အစိုးရမှ အကြမ်းဖက်ဖြိုခွင်းမှုအပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅) ရက်

၁။ ကရင်နီပြည်နယ် ကန္ဒဟေဝန်ပန်ခြံတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းအပေါ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော လက်နက်မဲ့ကရင်နီပြည်သူများအား အင်အားသုံးဖြိုခွင်းခြင်းအပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့နှင့် တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးအနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ် ချသည်။

၂။ ဤလုပ်ရပ်သည် ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒအမှန်ကို မျက်ကွယ်ပြု၍ အာဏာကိုအလွဲသုံးဆောင်ရွက် နေသည်ဟုယူဆသဖြင့် မည်သည့် အာဏာရှင်ဆန်သောလုပ်ရပ်ကိုမဆိုလုံးဝကန့်ကွက်သည်။

၃။ ထို့အပြင် တိုင်းရင်းသားပြည်သူများအား လက်ရှိအစိုးရဖော်ဆောင်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် ယုံကြည်မှုပျောက်ဆုံးစေသည့်အပြင် ဒီမိုကရေစီ၏ အနစ်သာရကိုပျက်စီးစေပြီး အာဏာရှင်ယဉ်ကျေးမှုတစ်ခု သွတ်သွင်းသကဲ့သို့ ဖြစ်နေကြောင်းရှူမြင်သည်။

၄။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နေသောဒေသခံပြည်သူများကို အကြမ်းဖက် ပိတ်ပင်တားဆီးပြီး ဗိုလ်ချုပ်ကြေးရုပ်ကိုသာ ဦးစားပေးဆောင်ရွက်ခြင်း၊ ဆန္ဒထုတ်ဖော်လူငယ်များအားမတရားသဖြင့် တရားစွဲဆိုခြင်းသည် တိုင်းရင်းသားပြည်သူများ၏ နိုင်ငံသားအခွင့်အရေးနှင့် ဖက်ဒရယ်အရေးကို ဆန့်ကျင်ရာရောက်သည်ဟု ယူဆသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျော်ကိုး၍ တရားစွဲဆိုထားသော ကရင်နီပြည်သူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ဗိ်ုလ်ချုပ်ကြေးရုပ်ကို ဦးစားမပေးဘဲ ပင်လုံစာချုပ်၏ ကတိကဝတ်ကိုသာအဓိကထားအသက်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကရင်နီလူငယ်ထုများနှင့်အတူ ရပ်တည် သွားမည်ဖြစ်ကြောင်း မိမိတို့မှ သဘောထားထုတ်ပြန်လိုက်သည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO
တအာင်း ဥပဒေအထောက်ကူပြုအဖွဲ့-TLA
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး-TSYO

ဆက်သွယ်ရန်
မိုင်းဆါည်ရံက်- +၉၅၉ ၄၄၈ ၅၅၅ ၂၈၆
ပို;ကမေဲ;ခြိုဝ်း-+၉၅၉ ၂၅၆ ၁၂၈ ၅၈၂