မြန်မာ့တပ်မတော် တပ်မ (၈၈)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၇-ဦး ဒဏ်ရာရ၊ ၁-ဦးသေဆုံး

ဇွန်လ (၂၈) ရက်၊ နံနက် ၅း၄၀ အချိန် ကွတ်ခိုင်မြို့နယ်၊ မန်နိမ်အွမ်ကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ(၈၈)မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား (၈)ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင် (၂)ဦး၊ ကလေး(၂)ဦး ပါဝင်ပြီး တစ်ဦးမှာကွတ်ခိုင်ဆေးရုံသို့ ဆေးကုသရန် သယ်ဆောင်သွားစဉ် လမ်းခုလတ်တွင် သေဆုံးသွားခဲ့သည်။

ဒေသခံတစ်ဦးမှ “ဗမာတပ်ဘက်ကနေစပြီး အရင်ပစ်တာ၊ ဘုန်းကြီးကျောင်းအထက်ကနေ လက်နက်ကြီးတွေ ပစ်လာတာ၊ အိမ်တွေလည်းထိတယ်၊ ပြီးတော့ဒဏ်ရာရတဲ့သူတွေကိုကျတော့ ဆေးကုဖို့ ဗမာတွေက ဆိုင်ကယ်တွေ ကားတွေခေါ်ပြီး ကွတ်ခိုင်မှာ ရှိတဲ့ တပ်ဘက်ကဆေးရုံကို ပို့လိုက်တယ်လို့ ကြားရတယ်၊ အခုလည်း သူတို့ရွာထဲပဲရှိသေးတယ်၊ ဒဏ်ရာရတဲ့သူတွေကတော့ အရမ်းပြင်းထန်တယ်၊ ရွာသားတွေလည်း အရမ်းကြောက်နေကြတယ် “ ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ကိုညီကျိန်(၃၈)နှစ် လည်ပင်းရှပ်ထိ၊ မိုင်းကိုကိုဦး(၈)နှစ်ကျောကုန်းထိ(သေဆုံး)၊ မိုင်းညီညီနိုင် (၇)နှစ် တင်ပါးထိ၊ ယာအေကြာ ကိုယ်ဝန်ဆောင်မိခင်(၃၄)နှစ် ဘယ်ခြေထောက်နှင့် လက်၊ လွေးအီမြစိန် ကိုယ်ဝန်ဆောင်မိခင် (၂၂)နှစ် နဖူးနှင့်ညာခြေထောက်၊ မိုင်းနိုင်ကန့် (၂၄) နှစ် ဘယ်ဘက်ပါးနှင့် ညာလက်၊ မားနိုင်လှိုင် (၅၅) နှစ်- ဝမ်းဗိုက်မှ ကျောဘက်သို့ဖောက်ထွင်းဒဏ်ရာနှင့် ကိုမိုင်းအိုက်လူ(၃၅) နှစ်-ခြေထောက်တို့ ဖြစ်သည်။

ထို့အပြင် ဦးအိုက်ဂျိ နေအိမ်၊ ဦးယိုင်လာ၏ နေအိမ်၊ ဦးယီမောင်မြား၏ နေအိမ်၊ ဦးအိုက်ကစ်၏ နေအိမ် အပြင် ဦးထွန်းအောင် နေအိမ် အပါအဝင် နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။

ဇွန်လ (၂၈)ရက်နေ့၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

Photo: Local

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *