နေရပ်သို့ပြန်သွားသော စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်ခဲ ထပ်မံကြုံတွေ့နေရ
ဧပြီလ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်ဆော့အုပ်စု၊ ပန်ကွတ်ကျေးရွာတွင် ၂၀၁၈ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့်မန်စံကျေးရွာရှိမန်ဟောင်ဘုန်းကြီးကျောင်းတွင် တစ်ရွာလုံးထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ မတ်လ(၁၃)ရက်နေ့တွင် နမ္မတူမြို့နယ်၊ဗုဗ္ဗါရုံကျောင်းသို့ ထပ်ဆင့်ပြောင်းရွေွှ့နေထိုင်ရပြီး ဧပြီလ(၂၃)ရက်နေ့၌ ၄င်းတို့နေရပ်သို့ ပြန်သွားကြသည်ဟုသိရ သည်။
နမ္မတူမြို့ပေါ်တွင်စစ်ဘေးရှောင်နေစဉ်အတွင်းလက်နက်ကိုင်အဖွဲ့မှ ကျေးရွာအတွင်းသို့ လူနေအိမ်များ သို့ဝင်ရောက်ပြီး ပစ္စည်းများမွှေနှောက်ခြင်း၊ ဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ သတ်စားခြင်း၊ အဖိုးတန်ပစ္စည်းများယူဆောင်သွားခြင်း၊ ဆန်၊ စပါးများကိုလည်း ချက်ပြုတ်စား သောက်ကြသည့် အပြင် သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။
ပန်ကွတ်ရွာသားများသည် မိမိတို့နေရပ်သို့ ပြန်ရသော်လည်း ကျေးရွာအတွင်းသို့ လက်နက်ကိုင်တပ်ဖွဲ့ များလာရောက်ခြိမ်းခြောက်မည်ကို စိုးရိမ်နေကြသည်။
နေရပ်သို့ပြန်နိုင်ရေးအတွက် နမ္မတူမြို့ ဗုဗ္ဗါရုံကျောင်းထိုင်ဆရာတော်၊ မန်တုံမြို့နယ် နားအော်လေးကျေးရွာမှ နားအော်လေးကျောင်းထိုင်ဆရာတော်၊ နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျေးရွာမှ မန်လွယ်ကျောင်းထိုင်ဆရာတော်များနှင့် အခြားသံဃာတော်များ၊ နမ္မတူမြို့နယ် စစ်ရှောင်များ ကူညီရေးအဖွဲ့၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မန်စံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ နမ္မတူတအာင်းလူငယ်များ၊ နမ္မတူတအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) နှင့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU) အဖွဲ့တို့မှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သည်။
လွန်ခဲ့သောမတ်လ(၁၅)ရက်နေ့တွင်လည်း စစ်ဘေးရှောင်နေစဉ်အတွင်း မိမိတို့နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များကို ပြန်ကြည့်ရန် မန်စံကျေးရွာနှင့် ပန်ကွတ်ကျေးရွာအကြားတွင် ပန်ကွတ်ရွာသား (၅) ဦး ဖြစ်သည့် ကိုမိုဟိန်း အသက်(၄၂)၊ ကိုအောင်ပန်း(၅၅)နှစ်၊ ကိုအိုက်ဆမ်း အသက်(၃၅)နှစ်၊ ဦးအောင်မြင့် အသက်(၃၀)နှစ်နှင့် ကိုအလူ အသက်(၅၅)တို့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) မှ ဖမ်းဆီးပြီးမည်သည့်နေရာသို့ ထိန်းသိမ်းထားသည်ကို ယ္ခုချိန်ထိသတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည်ဟု ဒေသခံ၇ွာသားများ ထံမှ သိရှိရသည်။
မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း