မိုင်းပေါက်ကွဲမူကြောင့် ရွာသူ(၄)ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူ
ယနေ့နံနက်၉နာရီအချိန် နမ့်ဆန်မြို့နယ်၊မန်ကန်ရွာရှိဒေါ်အေးအုံ၏လက်ဖက်ခြံတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွါးမှု ကြောင့် ရွာသူ ၄ဦးထိခိုက်ဒဏ်ရာရရှိသဖြင့် လားရှိုးဆေးရုံသို့ဆေးကုသရန် လာနေကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရသောရွာသူများမှာ ဒေါ်အေးဟန် အသက်(၃၀)၊ ဒေါ်အေးအုံ အသက်(၅၀)၊ မဇင်မာဝင်း အသက်(၁၄)၊ မနန်းထွေးအသက်(၂၀) တို့ဖြစ်ကြပြီး ၄င်းတို့၄ဦးစလုံးသည် လက်ဖက်ခူးရန် သွားကြသည့် ရွာသူများဖြစ်သည်။
မန်ကန်ရွာ ဦးဇင်းတစ်ပါးမိန့်ကြာသည်မှာ ” ဒေါ်အေးအုန်နဲ့ ဒေါ်အေးဟန် ကတော့ ဒဏ်ရာတော်တော်များတယ်၊ ရင်ဘတ်မှာထိတယ်၊ ကျန်တဲ့နှစ်ယောက်က ဒဏ်ရာအဲ့လောက်သိပ်မများဘူး၊ ဖြစ်ဖြစ်ချင်းမှာ သူတို့အိမ်ကို ဖုန်းလှမ်းခေါ်တယ်၊ နမ့်ဆန်ဆေးရုံတက်တယ်၊ ဒဏ်ရာပြင်းထန်တဲ့အတွက် လားရိူးတက်သွားပြီးလို့” မိန့်ကြားခဲ့သည်။
မည်သည့်အဖွဲ့ထောင်ထားသည့် မိုင်းဖြစ်သည်ကို မည်သူမျှမသိပါ။ သို့သော် လွန်ခဲ့သော ၃ရက်နေ့တွင် မြန်မာ့တပ်မတော်စစ်ကြောင်းသည် စခန်းသာရွာအတွင်း လှုပ်ရှားလျက် ရှိနေသည်ဟုသိရသည်။
မေလ ၁၂ရက်၊ ၂၀၁၈ခုနှစ်
မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း












Leave a Reply
Want to join the discussion?Feel free to contribute!