မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးဒဏ်ရာရ တစ်ဦးသေဆုံး

နိုဝင်ဘာ၆ရက်၊၂၀၁၇

နမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စု၊ ညောင်ပန်လှရွာ၌ နိုဝင်ဘာ ၄ရက်နေ့က ကျွဲကျောင်းသွားသည့်ရွာသားများ နေ့ခင်း ၁၁နာရီအချိန်တွင် မိုင်းနင်းမိသောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်သဖြင့် လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

ဒဏ်ရာရရှိသူများမှ ဦးအုန်းခင် (၄၅ နှစ်)နှင့် မိုင်းအိုက်မောင် (၁၂ နှစ်)တို့ဖြစ်ပြီး သေဆုံးသူမှာ မိုင်းအိုက်လေး (၁၈ နှစ်) ဖြစ်သသည်။

မိသားစုဝင်တစ်ဦးပြောပြချက်အရ ရွာတောင်ပိုင်းသို့ ကျွဲကျောင်းသွားကြစဉ်က ၆ဦးဖြစ်ပြီး မိုင်းပေါက်ကွဲ သည့်အချိန်တွင် ရှေ့က၃ဦးထိပြီး၊ နောက် ၃ဦးမှာဒဏ်ရာမရရှိသောကြောင့် ချက်ခြင်းပင် ရွာသို့အကြောင်းကြားကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောပြသည်။

မိုင်းအိုက်မောင် မိသားစုဝင်မှ ထပ်မံပြောပြသည်မှာ “ကျောင်းပိတ်တဲ့နေ့ဆိုတော့ ကျွဲကျောင်းလိုက်သွားရင်း ခုလိုဖြစ်သွားတာ၊ နားစည်ကွဲတာလားမသိဘူး ကလေးက ဘာမှမကြားတော့ဘူး၊ စိတ်ထိခိုက်လွန်းလို့ ဘာမှ မပြောချင်တော့ဘူး” ဟု ပြောပြသည်။

ယခင်က ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်လေ့မရှိသောကြောင့် ရွာသူရွာသားများလည်း စိတ်ချလက်ချ ကိုယ်စီအလုပ်သွားကြခြင်းဖြစ်သည်။ သို့သော်အောက်တိုဘာတစ်လနီးပါး ရှမ်းတပ်များသွားလာလှုပ်ရှားမှု ရှိသည်ဟု ရွာခံများမှ ပြောပြသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *