RCSS/SSA တပ်ဖွဲ့မှ ပန်ကွတ်ရွာသား ၅ ဦးကို ဖမ်းဆီးထား

မတ်လ ၁၆၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) မှ ပန်ကွတ်ရွာသား ၅ ဦးကို မတ်လ ၁၅ ရက်နေ့၊ မန်စံကျေးရွာနှင့် ပန်ကွက်ကျေးရွာကြားတွင် ဖမ်းဆီးပြီး မည်သည့်နေရာသို့ ခေါ်ဆောင်ထိန်းသိမ်းထားသည်ကိုမသိရသေးကြောင်းသတင်းရရှိသည်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးမှ “ သူတို့က နမ္မတူကနေ ရွာကိုကြည့်ဖို့ ပြန်သွားတာ တိုက်ပွဲတွေလည်း ငြိမ်နေပြီဆိုတော့ မနေ့တုန်းက ၁၀ နာရီလောက်ထင်တယ် ရှမ်းအဖွဲ့တွေက ဖမ်းထားတာ၊ မန်စံရွာအကျော်နားလေး ဖမ်းခံရတာ” ဟု ပြောသည်။

RCSS တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသော ပန်ကွတ်ရွာသားများမှာ ကိုမိုဟိန်း ၄၂ နှစ်၊ ကိုအောင်ပန်း ၅၅ နှစ်၊ ကိုအိုက်ဆမ်း ၃၅ နှစ်၊ ဦးအောင်မြင့် ၃၀ နှစ်၊ ကိုအလူ ၅၅ နှစ် တို့ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသော ပန်ကွက်ရွာသား ၅ ဦးသည် လွန်ခဲ့သော မတ်လ ၁၀ရက်နေ့မှ နမ္မတူမြို့နယ် ပုဗ္ဗာရုံကျောင်းတွင်စစ်ရှောင်နေသောရွာသားများဖြစ်ကြပြီး ရွာအခြေနေပြန်ကြည့်ရန် သွားသည့်အချိန်အဖမ်းခံရခြင်းဖြစ်သည်။ ယနေ့ သတင်းမှတ်တမ်းရေးသားသည့် အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

ဒေသခံများမှ RCSS/SSAတပ်ဖွဲ့ ဖမ်းဆီးထားသော ရွာသား ၅ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မိဘပြည်သူများ၏ သွားလာလှုပ်ရှားနေသော လမ်းမပေါ်တွင် မိုင်းများမထောင်ရန်နှင့် ၄င်းအပြင် ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသောပြည်သူများကိုလည်း အနှောင့်အယှက်မပေးစေလိုဟု တအာင်းအမျိုးသမီးအဖွဲ့းအစည်းသို့ ရင်ဖွင့်ပြောဆိုသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *