မိုင်းပေါက်ကွဲမှုကြောင့် မူလတန်း ကျောင်းသားများ ဒဏ်ရာပြင်းထန်၊ တစ်ဦး သေဆုံး

ဒီဇင်ဘာလ၊ ၂၂ရက်၊ ၂၀၁၇

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မူဆယ်မြို့နယ် မုံးပေါ်အုပ်စု ဟိုနားကျေးရွာတွင် အသင့်ထောင်ထားသော မိုင်းတလုံးအား ကျောင်းဆင်းချိန်တွင် ကျောင်းသားငယ်တဦးမှ ခဲနှင့်ပစ်ပေါက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ တန်းနှင့် ၃ တန်းနေ ကျောင်းသား ၄ ဦး ပြင်းထန်စွာဒဏ်ရာရပြီး ၁ ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သူ ကလေး (၄) ဦးမှာ လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

(၁) အိုက်ထွန်း၊ ၁၂ နှစ်၊ ၃ တန်း
(၂) တန်မိုင်၊ ၁၁ နှစ်၊ ၂ တန်း
(၃) ခိုင်လင်းထွန်း၊ ၉ နှစ်၊ ၂ တန်း
(၄) အိုက်အုံ့ ၉ နှစ်၊ ၂ တန်း
(၅) ​အောင်လင်ထွန်း (​သေဆုံး)

မှတ်တမ်းနှင့် သု​တေသနဌါန
တအာင်းအမျိုးသမီးအဖွဲ့အစည်း