လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်မှုရှိ

သြဂုတ်လ ၃၁၊ ၂၀၁၇

သြဂုတ်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ပန်ခါးအုပ်စု ပန်လောကျေးရွာတွင် လက်နက်ကြီး ရမ်းပစ်မှုကြောင့် ဒေသခံနေအိမ်အချို့ပျက်စီးဆုံးရှုံးသည်ဟု ဒေသခံတစ်ဦးပြောကြာချက်အရသိရသည်။

“မနက် ၁၀နာရီခွဲမှာ လက်နက်ကြီးက ကောင်ဝိုင်းရွာဘက်ကနေလာတယ်၊ ရွာရဲ့အပေါ်ဘက်ကနေလာတယ်၊ တိုက်ပွဲလဲမဖြစ်ပါဘူး၊ သူတို့ဘာကြောင့်ပစ်ခတ်နေလဲတော့မသိဘူး၊ ၃-၄အိမ်ထိသွားတယ်။ ပစ်တဲ့သူတွေက မြန်မာ့တပ်မတော်ပဲဖြစ်မယ် သူတို့ ကောင်ဝိုင်းရွာဘက်မှာရှိနေတယ်”ဟု ဒေသခံဖြစ်သူ မိုင်းနောဇားကပြောသည်။

ထိခိုက်သောအိမ်မှာ ဦးထွန်းမောင်အိမ်၊ ဦးအိုက်ရိမ်းအိမ်၊ ဦးညီမေဝ်အိမ် နှင့် ဦးပူလွယ်ကျောင်းတို့အိမ်ဖြစ်ပြီး ၎င်းတို့အနက် ဦးပူလွယ်ကျောင်အိမ်ကို ခေါင်းမို၊ မီးဖိုးချောင်း၊ ဘုရားခန်းနှင့် အိပ်ခန်းတို့ထိခိုက်မှုများရှိနေသည်ဟု ဦးပူလွယ်ကျောင်၏ညီမဖြစ်သူ အီမောန်ကပြောသည်။

မှတ်တမ်းနှင့် သုတေသနဌါန
တအာင်းအမျိုးသမီးအဖွဲ့အစည်း