တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား(၃)ဦးသေ၊ ၄ဦးဒဏ်ရာရပြီး (၁)ဦးပျောက်ဆုံးနေ

မတ်လ (၁၅) ရက်၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

၊ကျောက်မဲမြို့နယ်၊ ခွန်ကော်ကျေးရွာနှင့် တော်ဖယ်ကျေးရွာတွင် မတ်လ (၁ဝ)ရက်နေ့၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရးကောင်စီ (RCSS) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးများကျရောက်ကာ နေအိမ်များ ထိခိုက်ပျက်ဆီးပြီး လူ(၃)သေဆုံးကာ၊ (၄) ဦး ဒဏ်ရာရရှိပြီး (၁) ဦးပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

ဒေသခံတစ်ဦးပြောပြသည်မှာ “ တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ဆိုရင် ၆ ရက်ရှိနေပြီ လက်နက်ကြီးတွေက ရွာထဲမှာ (၂၀) လုံးကျတာရှိနေပြီ အိမ်တွေ တော်တော်များများထိတယ် လူတွေလည်း ၄ ယောက်ရှိပြီ ဒဏ်ရာရတဲ့လူတွေက များနေပြီ ရွာအပြင်ကိုလည်း ကျနော်တို့လည်း မထွက်ရဲဘူး ပိတ်မိနေတယ် “ ဟု ပြောသည်။

ထိခိ်ုက်ဒဏ်ရာရသည့် ရွာသားများမှာ ကိုအိုက်ကျော်၊ ကိုကန်သိန်း၊ ကိ်ုနန္ဒာ၊ ဒေါ်အေးငြိမ်းတို့ဖြစ်သည်။ ကိုအိုက်ကျော်သည် ညာဘက် ပေါင်တွင်လည်းကောင်း၊ ကိုကန်သိန်းသည် ညာဘက်လက်တွင်လည်းကောင်း၊ ကိုနန္ဒာသည် နဖူးနှင့် ညာဘက်နားရွက် နှင့် ဒေါ်အေးငြိမ်းသည် ဘယ်ဘက်ပါးတွင် အသီးသီးဒဏ်ရာရသည်။

မတ်လ ၁၃ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခွန်ကော်ရွာသားကိုအိုက်ဟန်သည် လက်နက်ကြီးထိမိကာ သေဆုံးသွားခဲ့သည်။ ထိုနေ့တွင် တော်ဖယ်ရွာသူ ဒေါ်အေးစိန် (၅၂)နှစ်နှင့် မတ်လ ၁၄ရက်နေ့တွင် ယာအေးကြုံ(၇၀)နှစ်တို့သည်လည်း တိုက်ပွဲအတွင်းသေနတ်မှန်ပြီး သေဆုံးသွားခဲ့သည်။

ထိုနည်းတူပင် ခွန်ကော်ရွာသား ကိုစန္ဒာသည်လည်း တိုက်ပွဲဖြစ်နေချိန်အတွင်းတွင် ပျောက်ဆုံးသွားပြီး ယနေ့ မတ်လ (၁၅) ရက်နေ့အထိ ပျောက်ဆုံးလျှက်ရှိနေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောသည်။

ပိတ်မိနေသောရွာသားမျာကို ဇီဝိတလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီရန် စီစဉ်ခဲ့သော်လည်း တိုက်ပွဲအခြေနေကြောင့် မသွားနိုင်သေးဟု ဒေသခံများမှ ပြောသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *