မန်စံကျေးရွာရှိ စစ်ဘေးရှောင်များ နမ္မတူမြို့ပေါ်သို့ ပြောင်းရွှေ့

မတ်လ ၁၃ရက်၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

မတ်လ (၁၀) ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ကွတ်ကျေးရွာနှင့် နားတီးကျေးရွာမှဒေသခံပြည်သူများ (၃၀ဝ) ကျော်ခန့် နမ္မတူမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ဘေးရှောင်ပြည်သူများသည် နမ္မတူမြို့နယ် မန်စံကျေးရွာရှိ မန်ဟောင်ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး မတ်လ ၁၃ရက်နေ့မနက်တွင် တအာင်းစစ်ရှောင်ပြည်သူများသည် နမ္မတူမြို့သို့ ပြောင်းရွှေ့သွားသည်ဟု သတင်းရရှိသည်။

ပန်ကွက်ကျေးရွာ ဥက္ကဌမှ “ ရှမ်းစစ်တပ်တွေက ရွာဘေးမှာ ရှိတယ်၊ နောက်နေ့ မနက်ရောက်တော့ သူတို့တိုက်နေကြတာ ကျနော်တို့ မနေရဲတော့လို့ အကုန်ထွက်ပြေးလာကြတယ်၊ ဒီနီးနားမှာ ရှိတဲ့ ရွာတွေ အကုန်ထွက်ပြေးရတယ်၊ ရှမ်းတွေလည်းပါတယ်၊ အခုကဒီမန်ဟောင်ဘုန်းကြီးကျောင်းမှာ ရှင်ပြုပွဲလုပ်ရမယ်ဆိုတော့ ကျနော်တို့အတွက် နေထိ်ုင်ရတာ အဆင်မပြေဘူး အဲကြောင့်မို့ နမ္မတူကို ရွှေ့လာခဲ့တာ “ ဟု ပြောသည်။

ဒီကနေ့ မတ်လ (၁၃) ရက်နေ့၊ မနက်(၁၀) နာရီအချိန်တွင် ပန်ကွက်ကျေးရွာနှင့် နားတီးကျေးရွာ စစ်ဘေးရှောင်များသည် နမ္မတူမြို့ပေါ်ရှိ ဗုဗ္ဗါရုံကျောင်းသို့ ပြောင်းရွှေ့ပြီး လူဦးရေမှာ (၁၃၄) ဦး ဖြစ်သည်။

စစ်ဘေးရှောင်များ၏ လတ်တလော လိုအပ်ချက်မှာ ဆန်၊ အစားအသောက်များ၊ အသုံးအဆောင်စ္စည်းများနှင့် ဆောင်နှင့်အဝတ်အထည်များ အရေးပေါ်လို အပ်နေသည်ဟု သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *