KIAတပ်ဖွဲ့မှ (၅)တန်း ကျောင်းသူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

မတ်လ ၉ရက်၊ ၂၀၁၈ ခုနှစ်

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

လွန်ခဲ့သော ဖေဖော်ဝါရီလ၁၈ရက် ၂၀၁၈ခုနှစ် ညနေ (၈)နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ ရှိ အသက်(၁၅)နှစ်အရွယ်ပဉ္စမတန်းကျောင်းသူလွေး—–ကိုသူမ၏နေအိမ်သို့ကချင်လွတ်မြောက်ရေးတပ် မတော်KIA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

လွေး….သည် သူမ၏ သူငယ်ချင်းနှင့် အိမ်ထဲတွင် ဆော့ကစားနေစဉ် စစ်သားများ ရောက်ရှိနေသည်ကို မသိဘဲ အခြားသူငယ်ချင်းများ ရောက်လာသည်ဟု ထင်ကာ အပြင်သို့ထွက်ကြည့်ရာမှ ကချင်စစ်သား(၆)ဦး ဖြစ်နေပြီး တဆက်တည်းတွင်ပင် သူမကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဘ ဦး…..မှ “သူတို့ ဖမ်းသွားတဲ့အခါ ကျနော်တို့လင်မယား နှစ်ယောက်လုံးက တောင်ယာသွားနေတယ်၊ ပြန်လာတော့ သမီးရဲ့ သူငယ်ချင်းတွေက ပြောပြလို့သိရတယ်၊ သမီးကို ပြန်လွှတ်ပေးဖို့အတွက် နမ့်ဟူး ရွာလူကြီးနဲ့ ကျနော်တို့ ရွာလူကြီးဆီကို အကူညီသွားတောင်းတယ်၊ ရွာလူကြီးတွေ ညှိပေးတော့ သူတို့က ပြန်လွတ်ပေးမယ်လို့ ပြောလာတယ်၊ ဒါပေမယ့် အခုချိန်ထိ ပြန်မရောက်သေးဘူး”ဟု ပြောသည်။

လွေး… ဖမ်းဆီးခံရပြီး နှစ်ပတ်ကျော်အကြာတွင် ဖခင်ဖြစ်သူနှင့် ရွာလူကြီးတချို့စုပေါင်းကာ KIA တပ်စခန်းရှိရာကို သွားရောက်စုံစမ်းရာတွင် လွေး….နှင့် တွေ့ခွင့်မပေးဘဲ စစ်သင်တန်းတက်နေရကြောင်း သိရသည်။

လွေး…၏ မရီးဖြစ်သူ ပြောပြချက်အရ “သင်တန်းပြီးရင် သူတို့ ပြန်ပို့ပေးမယ်တဲ့၊ ပြီးတော့ တပ်စခန်းရဲ့ ဖုန်းနံပါတ်တစ်ခုလည်းပေးလိုက်တယ်၊ အဲ့ဖုန်းဆက်ကြည့်တော့ ဗမာကောင်မလေးတစ်ယောက်ဆီ ရောက်သွားတယ်”ဟု ပြောသည်။

KIA မှ လွေး….ကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အချိန်တွင် သူမ အပါအဝင် အခြား ကချင်ယောကျာ်းလေး (၄)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *