မြန်မာ့တပ်မတော်မှ ဘုန်းကြီးကျောင်းတွင်း ပစ္စည်းများကို ယူဆောင်သွား

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၈ ခုနှစ်
မှတ်တမ်းနှင့်သုတေသနဌါန

တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်မ (၇၇) မှ နမ့်ဆန်မြို့နယ် မြို့သစ်အုပ်စု လွယ်ပိန်းကျေးရွာထဲတွင် ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းမှ ပစ္စည်းများကို ယူဆောင်သွားပြီး ဘုန်းကြီးကျောင်းတွင် ၄င်းတို့ ချက်ပြုတ်စားသောက်သော အိုးခွက်များကို မဆေးကြောဘဲထားခဲ့ပြီး ဆရာတော်ကိုယ်တိုင် ဆေးကြောပေးရသည်ဟု သိရသည်။

လွယ်ပိန်းဆရာတော်မှ “သူတို့က လွယ်ပျက်ကနေ တက်လာတယ်၊ အဲချိန်မှာ ဦးဇင်းက မရှိဘူး၊ သူတို့ ဘုန်းကြီးကျောင်းမှာ အိပ်တယ်၊ အသုဘပစ္စည်းတွေ ဖြစ်တဲ့ စောင်၊ အခင်းတွေ ပရိက္ခရာလို့ပြောရမှ ပေါ့၊ သူတို့ယူသွားတာ ဦးဇင်းတို့ရွာတောင်မကဘူး လန်းလွယ်ရွာက တရုတ်အိမ်တွေမှာလည်း ခွင့်မတောင်းပဲ ပစ္စည်းတွေယူသွားခဲ့တယ်” ဟု မိန့်ကြားသည်။

စစ်ကြောင်းများမှ ယူ​ဆောင်သွား​​သော ပစ္စည်းများမှာ စောင်၊ အခင်း၊ ဖိနပ်များ၊ ဆန် နှင့် ဆီ တို့ဖြစ်သည်။

ဆရာတော်မှ မည်သည့်လက်နက်ကိုင်မဆို နောက်နောင်တွင် ထိုလုပ်ရပ်မျိုးကို ထပ်မံမပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း မိန့်ကြားခဲ့သည်။

လတ်တလောတွင် တအာင်းဒေသရှိနေရာအနှံ့ စစ်ပွဲများမကြာခဏဖြစ်ပွားသောကြောင့် မြန်မာ့တပ်မတော်မှ တအာင်းကျေးရွာများတွင် ပစ္စည်းများအတင်းအဓမ္မယူဆောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခြင်းနှင့် ပြည်သူလူထု များကိုနှိပ်စက်ညှင်းပန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *